အသက်...တမျှ
♥️♥️♥️♥️Les&Les story {part...14}
ပန်းစျေးထဲမှဝယ်စရာရှိတာကိုခပ်သွက်သွက်ဝယ်ပြီးပြန်ခဲ့သည်။မ်ိုးတွေကလည်းကောင်းလိုက်တာနော်......သူမတွေးရင်းတွေးနေမိသည်။
ထိုစဉ်သူမလက်ထဲမှ...ပိုက်ဆံအိတ်ကအလစ်သမားနှစ်ယောက်လုပြေးသွားတာကြောင့်......''လာကြအုံးရှင်...ပိုက်ဆံအိတ်လုသွားလို့''
ပန်းအော်ဟစ်အကူညီတောင်းလိုက်ချိန်တွင်လူတယောက်...အလစ်သမားနှစ်ယောက်ဆီသို့ပြေးလိုက်သွားတာကိုတွေ့လိုက်ရသည်။ပန်းပါဆွဲခြင်းကိုဆွဲပြီးထိုလူနောက်မှပြေးလိုက်ခဲ့သည်။တွေ့ပါပြီ...သူမတို့အိမ်နားမရောက်ခင်လမ်းချိုးလေးတွင်အလစ်သမားနှစ်ယောက်နဲ့ပြေးလိုက်သွားတဲ့သူတို့လုံးထွေးသက်ပုတ်နေတာကိုတွေ့လိုက်ရသည်။''သူများပစ္စည်းကိုအချောင်လိုချင်အုံးကွာ......''
''ခွပ်!ခွပ်!''
ထိုလူကအလစ်သမားတယောက်ရဲ့ကော်လံစကိုဆွဲပြီးမျက်နှာကိုလက်သီးနဲ့ဆွဲထိုးပစ်လိုက်သည်။ကျန်တဲ့တယောက်ရဲ့ရင်ဘက်ကိုအားနဲ့ဆောင့်ကန်လိုက်သည်။' 'အား!''
အလစ်သမားနှစ်ယောက်မှာပန်းရဲ့ပိုက်ဆံအိတ်ကို...ပစ်ချပြီးထွက်ပြေးသွားကြသည်။ထိုလူက...ပိုက်ဆံအိတ်ကိုကောက်ယူပြီးပန်းကိုလာပေးသည်။
''မင်းရော...ဘာဖြစ်သွားသေးလဲ''
ပန်းမှာ...ပိုက်ဆံအိတ်လေးကိုလှမ်းယူရင်းထိုလူကိုကျေးဇူးတင်စွာကြည့်ကာ...
''ဟုတ်ကဲ့...ပန်းဘာမှမဖြစ်ပါဘူး
ကျေးဇူးတင်ပါတယ်ရှင့်''''နာမ်မည်လေးကပန်းတဲ့လား...
ကိုယ်ကဥက္ကာပါ''ဥက္ကာအချိုသာဆုံးပြုံးရင်းသူ့နာမ်မည်ကိုမိတ်ဆက်လိုက်သည်။သူဆင်ထားတဲ့ပထမဦးဆုံးဂွင်တော့တန်းခနဲကွက်တိဝင်သွားပြီမို့ကျေနပ်နေမိသည်။
''ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်နော်''''ကျေးဇူးတင်တယ်ဆိုရင်...မိတ်ဆွေဖြစ်ခွင့်ပေးနော်...''
အခွင့်ရေးကိုလက်လွှက်မခံပဲံဥက္ကာအမိအရဆုပ်ကိုင်လိုက်သည်။ဖုန်းထဲမှာထက်ပ်ိုပြီးအဆပေါင်းများစွာလှနေသောပန်းသစ်တောကိုဥက္ကာလက်လွှက်မခံနိုင်တော့ပါ...။ပန်းသစ်တောရဲ့အချစ်ကိုအနုနည်းနဲ့မှမရရင်အကြမ်းနည်းသုံးပြီးသူရအောင်ယူမည်။ပန်းသစ်တောကသူတွေ့ဖူးသမျှမိန်းမတွေနဲ့ဆီနဲ့ရေလိုအကွာကြီးကွာလှပါသည်။