အသက်...တမျှ
❤️❤️❤️❤️
Les &Les story {part...4}မီမီဇင်ညစာကိုတယောက်တည်း...ငြီးငွေ့စွာစားနေမိသည်။ဒါကလည်းဒီနေ့တနေ့တည်းမှာမဟုတ်တာပဲလေ...။သူမရဲ့မွေးစားမိဘတွေဆုံးကတည်းက
ဒီလိုအထီးကျန်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတာပင်။အမှန်တိုင်းပြောရရင်သူမ...မချမ်းသာချင်ပါ...ရွှေဘုံပေါ်မှာထိုင်ပြီးအဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုမလိုချင်တော့...။သူမလိုချင်တဲ့ဘဝဟာပိုက်ဆံမရှိရင်တောင်ပျော်ရွှင်တဲ့မိသားစုဘဝလေးပင်။အရှင်းဆုံးပြောရရင်တော့...ဘဲဥမဆိုတဲ့သူမရဲ့ငယ်ဘဝလေးကိုပြန်လိုချင်တာ...။အဖေရယ်အမေရယ်မောင်လေးရယ်ပြီးတော့သူမရဲ့ညီမငယ်လေး...အမုန်းရယ်...ပျော်ရွှင်တဲ့မိသားစုလေးပေါ့။အခုတော့...
မောင်လေးကဘယ်ဆီမှာမသိသလိုညီမလေးအမုန်းလည်းဘယ်ရောက်နေပြီလည်းမသိ။သူမရဲ့မွေးစားမိဘတွေဆုံးတော့...သူမထိုရွာလေးကိုသွားခဲ့ပါသေးသည်။အမေနဲ့ညီမလေးကိုတွေ့ဖို့။ဒါပေမဲ့အမေကဆုံးသွားပြီ...ညီမလေးအမုန်းကိုလည်းသူများကိုမွေးစားဖို့ပေးလိုက်ပြီတဲ့...။ကြည့်ပါအုံး...ဘယ်လောက်ထိရက်စက်တဲ့ကံကြမ္မာပါလိမ့်ကွယ်...။သူမအသက်ရှင်နေသရွေ့မောင်လေးသုတကိုနဲ့ညီမလေးအမုန်းကိုတွေ့အောင်ရှာဖို့သူမဆုံးဖြတ်ထားမိသည်။''ထမင်းစားမယ်...''
ပြောပြောဆိုဆိုနဲ့တေးကသူမနဲ့မျက်နာချင်းဆိုင်တွင်ဝင်ထိုင်ရင်းဆိုလာတာကြောင့်သူမအရမ်းဝမ်းသာသွားပါသည်။
''အင်းအင်း...မာမီခူးပေးမယ်နော်''
မီမီဇင်ထမင်းကိုအမြန်ပြင်ပေးလိုက်သည်။တေးရဲ့ပုံစံကလည်းညအိပ်ဂါဝန်ရှည်ကြီးကိုဝတ်ထားတာကြောင့်ဒီနေ့အိမ်မှာအိပ်ဖို့သေချာနေပါသည်။
''တေးကို...မာမီလို့မသုံးနှုန်းပါ
နဲ့အမ...တေးမကြိုက်ဘူး...အရင်ကလည်းအမကိုပြောထားသား
ပဲ...အမကတေးအမေမဟုတ်ဘူး''တေးထမင်းစားရင်းဆိုလိုက်သည်။ဒီမိန်းမကြီးကိုတေးမုန်းသည်။
ဖြစ်န်ိုင်ရင်မျက်နှာချင်းကိုမဆိုင်ချင်တာချစ်ရသူလေးပန်းကြောင့်သာအခုလိုနေနေရတာဖြစ်သည်။''ဟုတ်ပါပီကွယ်...တေးမကြိုက်ရင်
မပြောတော့ပါဘူးနော်''
တေးထမင်းကိုသာငုံ့စားနေမိသည်။မီမီဇင်မှာတေးထမင်းကိုအားရစွာစားနေတာက်ိုကြည့်ပြီးရင်ထဲမှာကြည်နူးနေမိသည်။တကယ်တော့တေးအင်္လကာဆိုတာသူမရဲ့ညီမငယ်လေးအမုန်းအရွယ်ပင်။အဲ့ဒါကြောင့်လည်းသူမတေးကိုအချစ်ပိုခဲ့တာပင်။တေးသူမကိုဘယ်လိုပဲဆက်ဆံဆက်ဆံသူမမနာနိုင်ခဲ့ပါ။
တေးကထမင်းကိုလက်စသက်စားပြီးဖန်ခွက်ထဲမှရေကိုမော့သောက်လိုက်ပြီးး