အသက်…တမျှ
♥️♥️♥️♥️
Les &Les story{part …16}(ဇာတ်သိမ်းပိုင်း)
🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️🛩️
တဖြည်းဖြည်းနဲ့လေယာဉ်ကြီးကမြေပြင်နဲ့နီးလာလေလေတေးရင်တွေတဒိတ်ဒ်ိတ်ခုန်လေလေဖြစ်သည်။ငုဝါကတော့မျက်နှာကြီးကိုဖြီးလို့…။လေယာဉ်ဆိုက်တော့…ဝင့်ဝါတို့ကကြိုဖို့ရောက်နေကြသည်။''မမတေး…´´
ဝင့်ဝါကငုဝါကိုကျော်ကတေးကိုပြေးဖက်လိုက်တာကြောင့်ငုဝါမျက်စောင်းကြီးထိုးလိုက်သည်။ဝင့်ဝါကတေးကိုအားရပါးရဖက်ပြီး……
''မမတေးကိုလွမ်းနေတာဝင့်ဝါက…
ကြည့်ပါအုံး…မမတေးကလှလာလိုက်တာ´´''ကောင်မလေးလာမြှောက်နေတယ်
ညည်းအတွက်လက်ဆောင်ပါပါတယ်နော်´´
''ယေးးးး…ဒါမှမမတေးကွ´´
ဝင့်ဝါကိုကြည့်ကာအားလုံးကသဘောကျနေကြသည်။ငုဝါက……
''အေးပါ…မမကတော့ဝင့်ဝါအတွက်ဝယ်လာတာ
သူများကိုပေးလိုက်တော့မယ်´´
''အဲ့လ်ိုတော့မလုပ်နဲ့လေ…မမငုဝါ
လည်းလှလာတယ်သ်ိလား´´''ကဲပါ…သမီးတေး…အန်တီတို့အိမ်မှာပဲနေပေါ့…´´
''မနေတော့ပါဘူး…အန်တီတေးအိမ်ကိုပြန်ပါ့မယ်သန့်ရှင်းရေးလေးဘာလေးလုပ်ရအောင်´´''အဲ့အတွက်မပူပါနဲ့…သမီးရဲ့ဦးအလုပ်သမားတွေကိုခြံထဲရောအိမ်ထဲရောသန့်ရှင်းရေးကြိုလုပ်ပြီးပါပြီ´´
''ဟုတ်တယ်သမီးရဲ့…သမီးပြန်ချင်လည်းညနေမှပြန်ပေါ့
အန်တီကသမီးအကြိုက်တွေချည်းချက်ပြုက်ထားတာနော့´´အန်တီဖြိုးစုကိုတေးကျေးဇူးတင်စွာကြညိ့ရင်း……
''ဟုတ်ကဲ့ပါအန်တီ´´''ကဲဒါဆိုသွားစို့´´
တေးငုဝါတို့အိမ်ကိုတန်းလိုက်ခဲ့မိသည်။ညနေရောက်တော့…ငုဝါကမမဇင်ဆီသွားဟန်တပြင်ပြင်လုပ်နေသည်။တေးကမမဇင်အတွက်ပစ္စည်းများကိုထုတ်ကာ……
''ဒါတွေပေးလိုက်အုံး´´
ငုဝါကမျက်မှောင်ကြုံ့ကာ……
''နင်ကမလိုက်ဘူးလား´´
''ငါနောက်နေ့မှသွားတွေ့လိုက်ပါ့မယ်ဒီနေ့တော့အိမ်ပြန်ပြီးလုပ်စရာရှိတာတွေလုပ်အုံးမယ်လေ……´´