အသက်…တမျှ
♥️♥️♥️♥️
les&les story {part…10}''အခြေနေ…ဘယ်လိုရှိလဲသမီး´´
ုငုဝါနဲ့အိမ်ကိုရောက်ရောက်ချင်းဦးနိုင်မင်းကဆီးမေးသည်။ဝင့်ဝါနဲ့ဒေါ်ဖြိုးစုကလည်းသ်ိချင်ဇောနဲ့ငုဝါအဖြေကိုစောင့်နေကြသည်။''အခုထိတော့…သတိမရသေး
ဘူးဖေဖေ…ခေါင်းကUltrasoundရိုက်ကြည့်တာစိုးရိမ်စရာမရှိပေမဲ့…အောက်ပိုင်းအကြောတွေတော့သေ
သွားပြီ…ပြန်ကောင်းဖို့အတွက်တော့ကံ
တရားပဲအားကိုးရမယ်တဲ့´´''ဘုရားရေ!´´
ဒေါ်ဖြိုးစုရင်ကိုလက်နဲ့ဖိရင်းဘုရားတလိုက်သည်။တကယ်ကိုဒေါ်ဖြိုးစုစိတ်မကောင်းဖြစ်
်သွားသည်။တေးကိုကြည့်လိုက်တော့လည်းမျက်နှာလေးများနီရဲလို့…။ဝင့်ဝါကတေးရဲ့လက်ကိုဆုပ်ကိုင်ပြီးအားပေးနှစ်သိပ်နေသည်။''အခုမီမီဇင်ကို…ပန်းသစ်တောတယောက်တည်းစောင့်နေတာလား´´
''မဟုတ်ဘူးဖေဖေ…ဦးအောင်ခက်သမီးမြခက်ဆိုတဲ့တယောက်လည်းပန်းသစ်တောနဲ့အတူစောင့်တယ်´´
''အော်´´
''မမဇင်နဲ့ဆရာမကညီမတွေဆိုဟုတ်လားမမ´´
''ဟုတ်တယ်ဝင့်ဝါ´´
''တကယ်ပဲမယုံနိုင်အောင်ပါလား
နော်´´
ဒေါ်ဖြိုးစုရေရွက်လိုက်သည်။ဦးနိုင်မင်းက''ကဲ…သမီးနဲ့တေးလည်းသွားနား
အုံး…ဖေဖေတို့ဆေးရုံသွားလိုက်အုံး
မယ်´´
ငုဝါတေးကို…အခန်းထဲသို့ခေါ်ခဲ့သည်။
ဒီအချိန်မှာငုဝါတေးကိုနှစ်သိပ်ပေးချင်ပေ
မဲ့နှစ်သိပ်ရမဲ့စကားလုံးအချို့ရှာမတွေ့။ငုဝါကိုယ်တိုင်တောင်…ဘာဆက်လုပ်ရမှန်းမသိ…။ဟူးးး!ငုဝါသက်ပြင်းတွေအခါခါချနေမိသည်။''ပန်းထမင်းစားလိုက်အုံး´´
မြခက်ကထမင်းပန်းကန်လေးကိုပန်းရှေ့ထိုးပေးလိုက်သည်။ပန်းစားချင်စိတ်မရှိ…မမမှအခုထိသတိမရသေးဘဲ…ပန်းဘယ်လိုစားဝင်မလည်း။တေးအကြောင်းတွေမိရင်လည်းပန်းရင်ထဲမချိမဆန့်ခံစားနေရတာ။တေးရယ်…မမကိုမိထွေးဆိုပြီးအမွေတွေလက်ဝါးကြီးအုပ်သွားမှာ…တေးအမြဲကြောက်နေခဲ့တာပဲနော်…။