အသက်…တမျှ
♥️♥️♥️♥️
Les &Les story {part…13}ရေးဝေးသုသာန်……။
ဗညားအလောင်းကို…မီးသဂြိုလ်ပြီးချိန်တွင်လူအုပ်ကြားထဲတွင်ပန်းသစ်တောကိုရိပ်ခနဲတွေ့လိုက်ရတာကြောင့်သုတကို…ဒေါသတွေထောင်းကနဲထလာသည်။သန့်ဇင်ကတော့သူ့စိတ်ကိုသိနေတာကြောင့်မျက်စိမျက်နှာပျက်နေသည်။သူလူအုပ်ကြားမှတိုးဝှေ့ကာ…ပန်းသစ်တောဆီသို့ခြေလှမ်းကျဲများဖြင့်လျှောက်သွားလိုကိသည်။''သုတဘယ်လဲ´´
သန့်ဇင်ကသုတလက်ကိုလှမ်းဆွဲပေမဲ့အချိန်မမှီတော့…တာကြောင့်သူပါသုတနောက်မှအမြန်လိုက်သွားလိုက်ရသည်။''လာစမ်း!´´
သုတဒေါသကြီးစွာနဲ့ပန်းသစ်တောလက်ကိုအတင်းဆောင့်စွဲကာလူရှင်းရာအပြင်သို့ခေါ်ထုတ်ခဲ့သည်။
သုတရဲ့လက်မာလှတဲ့လက်တွေနဲ့အတင်းဆောင့်စွဲတာကြောင့်ပန်းရဲ့လက်ကောက်ဝက်လေးမှာနီရဲနေပါသည်။''မင်း…ဘာလာလုပ်တာလဲ…ဟမ်´´
ပန်းမှာသုတရဲ့ဒေါသေတွေကြောင့်ကြောက်စရာကောင်းလောက်အောင်တင်းမာခက်ထန်နေသောမျက်နှာကြီးကိုကြည့်ကာ…ဝမ်းနည်းတာကောထိတ်လန့်တာပါရောနေသည်။
''ငါပြောနေတယ်…လေ´´
သုတအော်သံကြီးမှာဟိန်းနေသည်။သန့်ဇင်ကသုတအနားရောက်လာသည်။
''စ်ိတ်ကိုလျော့ပါသုတရာ…ပြီးခဲ့တာ
တွေပြီးခဲ့ပြီပဲ´´''ပန်းတောင်းပန်ပါတယ်…ကိုသုတရယ်´´
ပန်း…စိတ်မကောင်းစွာနဲ့တောင်းပန်လိူက်သည်။ကိုဗညားဆုံးပြီဆိုတာကြားကြားချင်းသူမမယုံန်ိုင်အောင်ဖြစ်ခဲ့ရပါသည်။အခုလိုလူ့လောကကြီးထဲကမထင်မှတ်ပဲထွက်သွားတဲ့အတွက်တကယ့်ကိုပန်းစိတ်မကောင်းပေ…။''ဘာတောင်းပန်တာလဲ…မင်းငါ့ကိုမကျေနပ်တာနဲ့ဗညားကိူမြူဆွယ်ပြီးမျှော်လင့်ချက်တွေပေးခဲ့ပြီးမှ…အခုပြန်ရိုက်ချပစ်လိုက်တာလေ…အခုမင်းကြောင့်ဗညားသေရတာကွ´´
ပန်းရဲ့ပခုံးနှစ်ဘက်ကိုကြမ်းတမ်းစွာဆုပ်က်ိုင်ခါယမ်းရင်းဆ်ိုသည်။ပန်းမှာ…သုတရဲ့တင်းမာခတ်ထန်သောမျက်နာကြီးကိုကြည့်ကာအရမ်းကိုကြောက်ရွံ့ထိတ်လန့်လျှက်…။