အသက်...တမျှ
❤️❤️❤️❤️Les &Les story {part...5}
ပန်းသစ်တော...ဒီနေ့သူမရဲ့၂၄နှစ်ပြည့်မွေးနေ့မို့ရွှေတိဂုံဘုရားသို့နှင်းဆီပန်းသက်စေ့လှူရန်ထွက်ခဲ့သည်။တေးကိုပင်မပြောမိ...သူမမွေးနေ့ကို...။
ပန်းသစ်တောနှင်းဆီပန်းများကိုပိုက်ပြီးဓာတ်လှေကားထဲသို့ဝင်လိုက်သည်။
လူရှုပ်မှာစိုးလို့မနက်စောစောထွက်ခဲ့တာတောင်...လူကဓာတ်လှေကားထဲမှာအပြည့်။နှင်းဆီဆူးများတခြားလူကိုစူးမိမှာစိုးသောကြောင့်ပန်းသတိထားနေရင်းပင်ဘေးကအမကြီးတယောက်ကိုစူးမိသွားသေးသည်။''အယ်...ကန်တော့နော်အမ...အရမ်းစူးသွားလား''
အမကြီးကပန်းကိုပြုံးပြရင်း......
''ရပါတယ်ညီမလေးရယ်...နည်းနည်းပါ''
ပန်းအားနာစွာပြုံးပြလိုက်သည်။အမကြီးကသဘောကောင်းလို့တော်သေး။စွာစိလန်နဲ့တွေ့ရင်ပန်းရန်တွေ့ခံရမှာသေချာသည်။
ဘုရားရင်ပြင်ပေါ်ရောက်တော့ပန်းသူမမွေးနံစနေဂြိုလ်တွင်ပန်းများကိုကပ်လှူလိုက်သည်။ပြီးတော့အမွှေးတိုင်ဖယောင်းတ်ိုင်သက်စေ့ကိုထွန်းညှိပူဇော်လိုက်ကာဘုရားဝတ်ပြုလိုက်သည်။
မီမီဇင်စနေနံရှေ့တွင်ထိုင်ပြီးဘုရားဝတ်ပြုနေသောဓာတ်လှေကားထဲတွင်ဆုံခဲ့သောကောင်မလေးကိုငေးနေမိသည်။
သူမရဲ့ညီမလေးအမုန်းတောင်ဒီနေ့ဆို၂၄နှစ်ပြည့်ပြီဖြစ်သည်။အခုလောက်ဆိုရင်ဒီကောင်မလေးအရွယ်ပင်။မောင်လေးနဲ့ညီမလေးဘယ်ဆီများရောက်နေပီလည်းကွယ်။အဆင်မှပြေရဲ့ကြလား...သူမတွေးပူနေမိသည်။''တေးရေ...တေး''
ငုဝါတေးကိုအော်ခေါ်နေမိသည်။အိမ်ထဲတွင်ဘာတုံ့ပြန်သံမှမကြားရတာ
ကြောင့်...''မမဇင်ရေ......''
မမဇင်ကိုအော်ခေါ်လိုက်သည်။မမဇင်ရဲ့အသံလည်းမကြားရ...။အပြင်သွားရင်တော့အိမ်ကိုသော့ပိတ်ခဲ့မှာပေါ့အခုဟာကခြံတံခါးရောအိမ်တခါးဖွင့်ရက်ကြီး...။
ငုဝါအိမ်ပေါ်သို့တက်ခဲ့သည်။တေးအခန်းကိုဖွင့်လိုက်တော့လည်းတေးမရှိ...။ဒီအချိန်ကြီးတေးဘယ်သွားပါလိမ့်...။
ညရှစ်နာရီပင်ထိုးနေပြီ...။မမဇင်အခန်းကိုဖွင့်လိုက်တော့ကုတင်ပေါ်တွင်ခွေခွေလေးလှဲနေသောမမဇင်ကိုတွေ့လိုက်ရသည်။