အသက်…တမျှ
♥️♥️♥️♥️
Les&Les Story (part…2)ပန်းသစ်တော…တက္ကစီပေါ်မှအထုပ်များကိုမနိုင်မနင်းချပြီးတက္ကစီရှင်းပေးလိုက်သည်။မြခက်ကပန်းသစ်တောကိုမြင်တာနဲ့ဆိုင်ထဲမှပြေးထွက်လာပြီးအထုပ်များကိုကူဆွဲသည်။
''ဆေးတွေကလည်းစျေးကြီး
လိုက်တာမြခက်ရယ်´´
ပန်းသစ်တော…မျက်နှာလေးရှုံ့ရင်းဆိုလိုက်သည်။ပန်းသစ်တော…ဆိုတဲ့အသက်၂၃နှစ်အရွယ်ကောင်မလေးကမျက်နှာလေးရှုံ့နေတာကိုပင်လှနေပါသည်။''ကြီးမှာပေါ့…ပန်းရယ်…စီးပွားရေး
လုပ်ငန်းရှင်တွေကရေကြီးလည်းစျေး
တက်…မိုးခေါင်လည်းစျေးတက်ဒါပဲ
ချောင်းနေတာကိုး´´ဆေးအိတ်များကိုစားပွဲပေါ်တင်ကာပန်းအိတ်ထဲမှဘောင်ချာလေးကိုယူပြီးစစ်နေမိသည်။
''ပန်း…ကားဝယ်လိုက်ပါလား
နင်လည်းမောင်းတက်နေတာပဲကို´´''အောင်မယ်လေး…မမြခက်ရယ်
ကားတစ်စီးဝယ်တာလွယ်တာမှတ်
လို့အခုလည်းအဆင်ပြေနေတာပဲ
ဟာကို´´''ဘယ်လောက်မှမရှိပါဘူးဟယ်
တက္ကစီခသက်သာတာပေါ့´´''တော်ပါပြီဟယ်´´
မြခက်ကပန်းကို…ကပ်စေးဟုတီးတိုးလေးရွက်လိုက်တာကြောင့်ပန်းပြုံးလိုက်မိသည်။''အဖေကနင့်ကိုညကျရင်အိမ်
ဘက်ကိုလာခဲ့ပါအုံးတဲ့´´
''ဟုတ်လား…အေးပါလာခဲ့မယ်´´
မြက်ခက်တို့မိသားစုလေးဟာပန်းအတွက်တော့အနွေးထွေးဆုံးမိသားစုလေးပင်။
ပန်းဆေးဝါးကျွမ်းကျင်နဲ့ဘွဲ့ရပြီးတော့
မိဘနှစ်ပါးလုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြသည်။
ပန်းလည်းအဖေနဲ့အမေမရှိတော့ဥတလုံးတကောင်ကြွက်ဘဝသို့ရောက်ခဲ့ရသည်။
ပဲခူးမှာလည်းဆက်မနေချင်တာကြောင့်ရန်ကုန်မြို့ကိုထွက်လာခဲ့သည်။အခုနေတဲ့
ကျောက်မြောင်းကတိုက်ခန်းလေးကိုဝယ်
ပြီးဒီဆေးဆိုင်လေးကိုဖွင့်ခဲ့တာဖြစ်သည်။
အားလုံးအဆင်ပြေအောင်…မြက်ခက်တို့မိသားစုကကူညီခဲ့တာဖြစ်
သည်။
မြခက်ကို…လစာပေးပြီးဒီဆေးဆိုင်လေးမှာကူစေခဲ့သည်။
ပန်းရဲ့ဆေးဆိုင်လေးကအခုဆိုရင်အ
တော့်ကိုရောင်းရပါသည်။
ညရောက်တော့…ပန်းရေချိုးထမင်းစားပြီး
မြခက်တို့အိမ်ဘက်ကူးခဲ့သည်။