အသက်…တမျှ
♥️♥️♥️♥️
Les &Les story …{part…11}ဆရာဝန်အရောက်မြန်လို့တေးမှာ…ဘာမှဖြစ်မသွားတာကံကောင်းသည်ဟုဆိုရပေမည်။အန်တီဖြိုးစုက…တေးကိုတယောက်တည်းထားဖို့စ်ိတ်မချတာကြောင့်…သူမအိမ်ကိုခေါ်လာခဲ့ရသည်။တေးမှာ…အရင်လိုလန်းလန်းဆန်းဆန်းမရှိတော့။
ငုဝါတို့တအိမ်လုံးတေးကိုကြည့်ပြီးစိတ်မကောင်းကြ။တေးကိစ္စကိုမမဇင်ကိုမပြောရဲ…မမဇင်ကိုစိတ်မထိခိုက်စေချင်…။ငုဝါပန်းသစ်တောကိုပြောတော့……ပန်းသစ်တောရဲ့…မျက်ဝန်းမှာ…မျက်ရည်တွေဝဲနေသည်။ဒါပေမဲ့ဘာစကားမှတော့မပြော…။ပန်းသစ်တောလည်းတေးကိုချစ်တယ်ဆိုတာငုဝါသိပါသည်။တေးရဲ့လုပ်ရက်တွေကြောင့်…ပန်းသစ်တော ကခွင့်လွှက်ဖို့ခက်ခဲနေတာဖြစ်သည်။
ပန်းငုဝါကိုဆေးရုံမှာစောင့်ခိုင်းခဲ့ပြီး…သူမတိုက်ခန်းသို့ခဏပြန်ခဲ့သည်။လိုအပ်တာတွေယူပြီးဆေးဆိုင်ကိုသွားကြည့်တော့…မြခက်က……''ပန်းရယ်…ဘာလို့ဆိုင်ကိုလာတာ
လည်းမြခက်ရှိပါတယ်…´´''အဆင်ရောပြေရဲ့လားမြခက်ရယ်
ဟို…ပန်းမှာထားတဲ့…ဆေးတွေလာပို့ပြီလား……´´''လာပို့သွားပြီပန်း…ဒီမှာစာရင်း´´
ပန်းစာရင်းစာရွက်လေးကိုတချက်ယူကြည့်လိုက်သည်။မြခက်က……''ကိုဗညားတောင်ပန်းကိုလာမေး
သေးတယ်…ပန်းဆီဖုန်းဆက်တာလည်းမကိုင်လို့သူစိတ်ပူလို့တဲ့´´
ပန်းကိုဗညားဖုန်းခေါ်ထားတာကိုတွေ့ပါသည်။ပန်းရဲ့စိတ်တွေရှုပ်ထွေးနောက်ကျိနေလို့မကိုင်ဖြစ်တာဖြစ်သည်။ကိုဗညားနဲ့လည်း…ပန်းဆက်မပက်သက်ချင်တော့…။''မြခက်ဘာပြောလိုက်သေးလည်း´´
''ဘာမှမပြောပါဘူး…ပန်းခရီးသွားနေတယ်ပဲပြောလိုက်တာ´´
''ဟုတ်လားကောင်းတယ်မြခက်…
ပန်းလည်းစိတ်ရှုပ်နေတော့သူနဲ့လည်း
မတွေ့ချင်ဘူး´´မြခက်ကပန်းကိုနားလည်သလိုကြည့်ကာ…
''အင်းပါ…ပန်းရယ်မြခက်လည်းသိပါတယ်…ဒါနဲ့ဟို…ပန်းရဲ့မမကောသက်သာရဲ့လားဟင်´´''သက်သာပါတယ်…နောက်တပက်လောက်တော့ဆေးရုံမှာနေရအုံးမယ်ထင်တယ်…´´