အသက်...တမျှ
♥️♥️♥️♥️
les&les story {part...12}ပန်းလေဆိပ်ကအပြန်တွင်တေးဒီမြန်မာပြည်မှာမရှိတော့ဘူးဆိုတဲ့အသိကြောင့်ရင်ထဲမှာလစ်ဟာနေသည်။မမကပန်းမျက်နှာကိုကြည့်နေသည်။ဒါပေမဲ့ဘာမှတော့မေးမြန်ခြင်းမရှိ။မမလည်းတေးနဲ့ပန်းရဲ့ပက်သက်မှုကိုရိပ်မိနေလို့လားမပြောတက်။မမလည်းမျက်နှာမကောင်းတေးနဲ့ငုဝါသွားတာကိုစိတ်မကောင်းဖြစ်နေပုံရသည်။
ပန်းတေးကိုမေ့ထားချင်ပေမဲ့အချိန်တိုင်းသတိရနေမိသည်။မမရဲ့ကျန်းမာရေးအခြေနေကြောင့်ပန်းဝင့်ဝါကိုလည်းစာမသင်တော့။ဝင့်ဝါလေးကတော့အားရင်အားသလို...ပန်းနဲ့မမဇင်ဆီမကြာခဏလာလည်ပါသည်။ပန်းမှာရှိစုမဲ့စုပိုက်ဆံလေးကိုဘဏ်မှထုတ်ကာကားတစ်စီးဝယ်လိုက်သည်။ဒါကလည်းပန်းဆိုင်ကိုသွားရင်မမကိုပါတခါတည်းခေါ်သွားလို့ရအောင်ပါ။တေး...ကိုလွမ်းမိပေမဲ့လည်း...ပန်းအနားမှာမမရှိတော့...ဖြေသာပါသေးသည်။''မမထမင်းစားတော့မလားဟင်''
ဘုရားစာအုပ်လေးကိုဖတ်နေသောမမကိုပန်းမေးလိုက်သည်။မမကစာအုပ်လေးကိုအသာချကာ......
''မမမဆာသေးပါဘူး...ညီမလေး
ရယ်''
မြခက်ကတော့ညီမနှစ်ယောက်ကိုကြည့်ကာပြုံးနေသည်။''ညီမလေးလည်းမမကြောင့်ပင်ပန်း
နေရပြီ...တကယ်ဆိုရင်မမကညီမလေး
ကိုပြုစုစောင့်ရှောက်ပေးရမှာကို...အခုတော့သက်သက်မမကဒုက္ခပေးသလိုဖြစ်နေပြီကွယ်''''ဟာ...မဟုတ်တာ...မမရယ်။အဲ့လိုမပြောပါနဲ့...မမနဲ့ဒီလိုဘဝလေးနေချင်လို့...ပန်းအမြဲမျှော်လင့်ခဲ့ရတာ...။''
မီမီဇင်ညီမလေးကိုကြည့်ကာစိတ်မကောင်းဖြစ်မိသည်။ညီမလေးခမျာ့အလုပ်တဖက်နဲ့တနေ့တနေ့သူမကိုပြုစုရချက်ပြုက်လျော်ဖွက်ရနဲ့...ပင်ပန်းနေရှာပြီ။
''ဟုတ်တယ်မမရဲ့ပန်းကလေ...သူ့မမနဲ့ကိုကို...ကိုအရမ်းတွေ့ချင်နေခဲ့တာ''
မြခက်ကလည်းဝင်ပြောသည်။မီမီဇင်မှာမြခက်ကိုလည်းညီမလေးတယောက်လိုချစ်ရသည်။မြခက်က...အနေအေးပြီးစိတ်သဘောထားကောင်းမွန်တဲ့မိန်းကလေးတယောက်ပင်။အော်...ဘာလိုလိုနဲ့ငုဝါနဲ့တေးနိုင်ငံခြားသွားတာတောင်ဆယ်ရက်လောက်ရှိပြီဖြစ်သည်။ဒီအတွင်းမှာ...ငုဝါတခါတော့သူမဆီဖုန်းဆက်ပါသေးသည်။ငုဝါရယ်...လွမ်းမိတယ်ကွယ်...မမတို့ဒီဘဝမှာဆုံစည်းခွင့်မရှိတော့ပါဘူး။