Part 3(Unicode)

3.2K 141 1
                                    

~သခင်ကြင်လျှင်ချစ်ခြင်းမည်~

"ဒီကောင် ဘာသွားလုပ်ပြန်လဲမသိဘူး"

"ကြည့်နေပါတဲ့ဆိုကွာကြည့်ပေါ့"

စိုင်းနေပြောလိုက်တာကြောင့်အမွှာနှစ်ကောင်လဲငြိမ်သွားသည်။
နိဒါန်းနဲ့ ဟိုနှစ်ယောက်ကိုသာစိတ်ဝင်တစားလှမ်းကြည့်နေလိုက်သည်။

နိဒါန်းကိုကြည့်ရတာ တကယ်ကို မင်းသားတစ်ယောက်အတိုင်းဖြစ်နေသည်။
ကိုယ့်သူငယ်ချင်းအခုလိုလန်းနေလိမ့်မည်လို့ စိုင်းနေထင်မထားခဲ့။
စိုင်းနေတို့တောင်လူမှားခဲ့ရသည်ဆိုတော့ ဟိုနှစ်ယောက် နိဒါန်းကိုမှတ်မိမယ်မထင်။

နိဒါန်းလဲ သူတို့နှစ်ယောက်အကျီ ၤကြည့်နေတဲ့ဘေးကိုဖြတ်လျှောက်ကာ
မာနမင်းသားလေးကိုနောက်ကနေတိုက်ချလိုက်တော့
အရှိန်လွန်ကာ ရှေ့ကအာကာယံဟိန်းဆိုသူရဲ့ခြေထောက်ကိုတက်နင်းမိသွားသည်။

"အားးးသေပါပြီ သခင်ရယ်"

"Sorry "

နိဒါန်းသူတို့နှစ်ယောက်ကိုဂရုမစိုက်ဘဲ ရှေ့ဆက်လာခဲ့တော့~

"ဒီမှာ ရပ်လိုက်စမ်းပါ"

"ကိုယ်လား" နိဒါန်းရင်ဘတ်ကိုလက်ညိုးနဲ့ပြန်ထိုးရင်းမေးလိုက်သည်။

"ဟုတ်တယ် မင်း ကိုပြောတာ"

"ဘာကိစ္စလဲ ခင်ဗျားကိုကျနော်မသိဘူးနော် ဇာတ်လမ်းဆင်တာလား
ဒါဆိုရင်တော့ ဒိုးလိုက်တော့ ယောကျာ်းလေးတွေကိုယ်စိတ်မဝင်စားဘူး"

"ကျွစ်  … မင်းကြောင့် ဒီမှာထိခိုက်မိသွားတယ် ပြန်တောင်းပန်ပါ"

"ဘယ်သူလဲ မင်းဘဲကိုလား"

"ဘာ. .မင်းစကားကိုဆင်ခြင်ပြောပါ ဒါငါ့ဘဲ မဟုတ်ဘူးသူငယ်ချင်း"

"အော… ဘဲမရှိကြောင်းဝန်ခံလိုက်တာပေါ့
ဒါဆို ကျနော် ကြိုးစားလို့ရသေးတယ်ပေါ့"

နိဒါန်းခေါင်းတဆတ်ဆတ်ငြိမ့်ကာပြောလိုက်သည်။

"ဟျောင့်  မင်းဘာစကားပြောတာလဲ"

"wow. .ငါတို့ကျောင်းကစော်ကြည်ဘဲကြီးပါလား"

"ဘာ မင်းငါ့ကိုသိလို့လား"

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)Donde viven las historias. Descúbrelo ahora