Part - 13

991 137 31
                                    

(Zawgyi)

မနက်စာစားဖို့ပြင်ဆင်ပြီးတဲ့အထိ Omma ဆင်းမလာသေးတာကြောင့် Jimin မျက်မှောင်ကျုံ့လိုက်မိတယ်...။ ခါတိုင်းဆို Omma က မနက်စောစောနိုးတတ်ပြီး အိမ်အလုပ်သမားတွေကို စီမံခန့်ခွဲတတ်တာကို...။ နေများမကောင်းလို့များလား...။

"Jiminnie... Omma ရော...??"

မနက်စာစားဖို့ရောက်လာတဲ့ Yoongi ကပါ မေးလာတာကြောင့် Jimin ခေါင်းခါပြလိုက်တယ်...။ Appa ကတော့ တစ်ခါတလေဆို အလုပ်ကိစ္စအကြောင်းပြုပြီး အိမ်ပြန်မလာတတ်တာမို့ သူတို့အတွက်မထူးဆန်းတော့ပါ...။ Omma မနက်စောစောမနိုးတာကတော့ သူတို့အတွက် ထူးဆန်းပါတယ်...။

"Omma နေမကောင်းဘူးလားမသိဘူး... ကိုကိုသွားကြည့်လိုက်ပါလား"

Jimin ရဲ့အပြောကြောင့် Yoongi လည်း ခုံမှာထိုင်နေရာကနေ ချက်ချင်းထရပ်လိုက်တယ်...။ Jimin လည်း အနောက်ကနေ မယောင်မလည်နဲ့လိုက်သွားလိုက်တယ်...။ Omma က Jimin ကို အရမ်းမချစ်ပေမယ့်လည်း Jimin အတွက်ကတော့ Omma က သူ့အမေပါပဲ...။

"Omma...!!! သားဝင်လာလို့ရလား...??"

Yoongi တံခါးကိုခေါက်လိုက်ပြီး အထဲကအသံကို နားစွင့်လိုက်ပေမယ့် ဘာတုန့်ပြန်သံမှမကြားရတာကြောင့် အသာလှည့်ဖွင့်လိုက်တယ်...။ လော့မချထားတာကြောင့် တံခါးကအလွယ်တကူပဲပွင့်သွားပြီး Omma ကို ကုတင်ပေါ်မှာ ကျောခိုင်းလျက်သား လှဲလျောင်းနေတာကို တွေ့လိုက်ရတယ်...။

"Omma....??"

Yoongi နဲ့အတူ Jimin လည်း အခန်းထဲကိုလိုက်ဝင်သွားလိုက်တယ်...။ ခုတလော Jimin တစ်ယောက် Yoongi ရဲ့အနားမှာ တပူးကပ်ကပ်လုပ်နေပေမယ့် Omma ကလည်း ဘာမှမပြောတော့တာကြောင့် အိမ်အလုပ်သမားတွေကလည်း Jimin ကို အရင်ကလို မရိုမသေသိပ်မလုပ်တော့ပေ...။

"ဟင်... Omma ငိုနေတာလား..?? ဘာလို့လဲ..??"

Yoongi ရဲ့အလန့်တကြားရေရွတ်သံကြောင့် Jimin လည်း အံ့အားသင့်သွားတယ်...။ Omma က ဘာလို့ငိုနေရတာလဲ...?? နေမကောင်းတာလား... ဒါမှမဟုတ် အိမ်စီးပွားရေးတစ်ခုခုများ ပြဿနာဖြစ်နေလို့လား...??

"သား... Yoongi....!!!"

Omma က လှဲလျောင်းနေရာကနေထလာပြီး Yoongi ကိုဖက်ကာငိုလေတယ်...။ ထိုအခါ ဘေးကနေရပ်ကြည့်နေတဲ့ Jimin ပါ ငိုချင်လာမိတယ်...။ သူလည်း ငိုနေတဲ့ Omma ကို ပွေ့ဖက်ကာနှစ်သိမ့်ပေးချင်တာပေါ့...။

Min Jimin (Completed)Where stories live. Discover now