Part - 14

1K 142 42
                                    

(Zawgyi)

ညကငိုရင်းအိပ်ပျော်သွားတာကြောင့် Jimin မနက်ကို နောက်ကျမှနိုးလာတယ်...။ နာရီကိုလှမ်းကြည့်လိုက်တော့ မနက်၇နာရီတောင်ထိုးပြီးနေပြီ...။ တော်သေးတာက ဒီနေ့ကျောင်းပိတ်လို့...။

ကပျာကယာမျက်နှာသစ်ပြီး အောက်ထပ်ဆင်းလာတော့ ထူးထူးခြားခြားပင် ထမင်းစားခန်းထဲမှာ လူစုံနေတာကိုတွေ့လိုက်ရတယ်...။ ခါတိုင်းဆို မနက်စာသိပ်မစားဖြစ်ဘဲ အလုပ်ကိုသာ အပြေးအလွှားသွားတတ်တဲ့ Appa က ခုကျတော့အိမ်နေရင်းအဝတ်အစားနဲ့ပင် သတင်းစာဖတ်ရင်း ကော်ဖီသောက်နေတယ်...။ ကိုကိုကလည်း Omma မနက်စာပြင်တာကို ဝိုင်းကူပေးနေတယ်လေ...။

"ဟော.. သားငယ်လေး နိုးလာပြီလား...?? Omma က ခဏနေရင် Yoongi ကိုသွားနှိုးခိုင်းမလို့ပဲ"

"ဟုတ်... Minnie အိပ်ယာထနောက်ကျသွားတယ်.. တောင်းပန်ပါတယ် Omma"

"ရပါတယ်ကွယ်.. ကျောင်းပိတ်ရက်ပဲဟာ... အေးဆေးအိပ်မှပေါ့"

Omma ဆီက သားငယ်လေးဆိုတဲ့အခေါ်အဝေါ်ကြောင့် Jimin စိတ်ထဲဝမ်းသာသလိုလို ဝမ်းနည်းသလိုလို ခံစားနေရတယ်...။ ကိုကိုကလည်း Jimin ကိုမြင်တော့ နွေးထွေးစွာပြုံးပြလာတယ်လေ...။ ထို့အတူ Appa ကလည်း သတင်းစာဖတ်နေရာကနေ မျက်လုံးလှန်ပြီးကြည့်လာပြန်တယ်လေ...။

"Appa ဒီနေ့အလုပ်မသွားရဘူးလားဟင်...??"

"အင်း.. Appa အလုပ်တစ်ရက်နားတယ်လေ... သားတို့လည်းကျောင်းပိတ်ရက်ဆိုတော့ Appa တို့ တစ်နေရာရာကို ပျော်ပွဲစားထွက်ကြမလား...??"

"ဟင်.. တကယ်လားဟင် Appa...??"

တကယ်တော့ Jimin ဒီအိမ်ကိုစရောက်ခဲ့ကတည်းက မိသားစုစုံစုံလင်လင်နဲ့ အပြင်သွားရတာဆိုလို့ Appa ရဲ့အလုပ်ကိစ္စနဲ့ပတ်သတ်တဲ့ ပွဲတချို့သာရှိတယ်...။ ခုလို တစ်နေရာရာကို ပျော်ပွဲစားထွက်ဖို့ဆိုတာ Jimin အနှစ်နှစ်အလလ မျှော်လင့်ခဲ့ရတဲ့အိပ်မက်တစ်ခုပင်...။

"အင်း.. ကောင်းသားပဲ.. Omma က ထမင်းဘူးအမြန်ပြင်လိုက်မယ်... စားစရာသောက်စရာတွေပါ ထည့်သွားရင်ပိုကောင်းတာပေါ့"

"ရေး... ပျော်စရာကြီးကွ.. Minnie က Omma ကိုကူလုပ်ပေးမယ်လေနော်.. ဒါဆိုမြန်မြန်ပြီးသွားမှာ"

Min Jimin (Completed)Where stories live. Discover now