Part - 5

1.1K 154 40
                                        

(Zawgyi)

"စာတွေရောလိုက်နိုင်ရဲ့လား Jimin...??"

"ဟုတ်ကဲ့ Omma...!!!"

ဧည့်ခန်းထဲကဆိုဖာမှာထိုင်နေတဲ့ Omma ကို Jimin ဇက်ကြောနှိပ်ပေးနေရင်း Omma လှမ်းမေးတာကြောင့် သွက်သွက်လေးပြန်ဖြေလိုက်တယ်...။ စကားပြောတာမချိုသာတဲ့ Omma ကို Jimin မမုန်းပါ...။ ငယ်ငယ်ကတည်းက ကလေးနဲ့မတန်တဲ့အလုပ်တွေ ခိုင်းပေမဲ့လည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တာမျိုးမှမလုပ်ဘဲ...။ သားသမီးချင်းကိုယ်ချင်းစာတယ်ပဲ ပြောရမလား...။ ဘာပဲဖြစ်ဖြစ် Omma ကို Jimin ချစ်ပါတယ်...။ ကိုကိုနဲ့တန်းတူ အခွင့်အရေးမပေးပေမဲ့လို့ပေါ့...။

"သွားတော့... စာသွားကျက်... ငါကမင်းအဖေပြန်လာတာ စောင့်ရဦးမှာ"

"ဟုတ်ကဲ့...!!!"

Jimin လည်း အိမ်ပေါ်ပြန်မတက်ခင် ကိုကို့အတွက်နွားနို့တစ်ခွက် အရင်ဝင်ယူလိုက်တယ်...။ ကိုကိုက ညမအိပ်ခင်မှာအမြဲတမ်း နွားနို့သောက်လေ့ရှိတယ်...။ ဒီအိမ်မှာ ကိုကို့ရဲ့ဝေယျာဝစ္စအားလုံးကို တာဝန်ယူလုပ်ကိုင်ရသူက Jimin တစ်ယောက်တည်းသာ...။ ကိုကိုကလည်း တခြားသူလုပ်တာဆို စိတ်တိုင်းမကျ...။

နွားနို့ခွက်လေးကိုကိုင်ကာ ကိုကို့ရဲ့အခန်းတံခါးကို Jimin အရင်ခေါက်လိုက်တယ်...။ ပြီးတော့မှ တံခါးကိုလှည့်ကာဖွင့်လိုက်တယ်...။ ကိုကိုကတော့ ဘယ်တော့မှတံခါးထမဖွင့်ပေးသည်မို့ ကိုယ့်ဘာသာကိုယ်ခေါက် ကိုယ့်ဘာသာကိုယ်ဖွင့်ရတာ အကျင့်ဖြစ်နေပြီ...။ အော်... သူဖုန်းပြောနေတာပဲ...။ ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေရင်း ရယ်မောကာဖုန်းပြောနေတဲ့ကိုကိုက Jimin အမြင်မှာသိပ်ကြည့်ကောင်းနေတယ်...။

Jimin လည်း ကိုကို့လိုယောကျာ်းပီပီသသရုပ်ရည်နဲ့ ကြံခိုင်တဲ့ခန္ဓာကိုယ်ကို လိုချင်မိတယ်...။ ခက်တာက Jimin က အမေတူသားမို့ မေမေ့လိုသာလှလှပပ နူးနူးညံ့ညံ့လေးဖြစ်နေတယ်...။ ထို့အတွက် ကိုကို့ကို Jimin အမြဲအားကျရစမြဲ...။

"အခုလား... ကိုယ် Jisoo ကို သတိရနေတာလေ... အဟား... အတည်ပြောတာပါကွာ.. Jisoo သိပါတယ်... ကိုယ်ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့ဖူးတာ"

အော်... ကိုကိုနဲ့ဖုန်းပြောနေတဲ့သူက ဟိုနေ့ကတွေ့ခဲ့တဲ့ အစ်မချောချောလေးပဲ...။ ကိုကိုကတော့ သူမကိုတကယ်ချစ်သွားတယ်ထင်တယ်...။ နှမျောမိပေမယ့်လည်း Jimin လက်ခံရတော့မှာပါပဲ...။ Kim Jisoo ဆိုတဲ့အစ်မက ကောင်းသတင်းတွေနဲ့ပဲကျော်ကြားတဲ့သူမို့ ကိုကိုနဲ့လိုက်ဖက်ပါတယ်လေ...။

Min Jimin (Completed)Où les histoires vivent. Découvrez maintenant