(Zawgyi)
ဒီတစ်ခါကျောင်းသွားရတာ Jimin အတွက် အတန်ငယ်မြောက်ကြွမြောက်ကြွဖြစ်စေတယ်...။ ကိုကိုနဲ့အတူတူ အိမ်ကဒရိုင်ဘာကြီးမောင်းပို့တဲ့ကားမှာ စီးခွင့်ရသွားပြီဖြစ်သောကြောင့်ပင်...။ ကိုကိုနဲ့သာ ညီအစ်ကိုတော်စပ်မှန်းသိသွားကြရင် ကျောင်းမှာလည်း Jimin ကိုအနိုင်ကျင့်ရဲမယ့်သူ ရှိတော့မှာမဟုတ်ဘူးလေ...။
"ကိုကို... နေ့လည်စာကို Minnie နဲ့ အတူတူစားမလားဟင်...??"
Jimin မေးလိုက်တော့ ကိုကိုက ဖုန်းသုံးနေရာကနေ ဖျတ်ခနဲလှည့်ကြည့်လာတယ်...။ မရယ်မပြုံးမျက်နှာထားနဲ့ပေမယ့် Jimin အတွက်တော့ ကိုကိုက အရမ်းကြည့်ကောင်းပြီး ခန့်ညားလွန်းနေသည်...။
"ကိုယ်သေချာမပြောတတ်သေးဘူး... ဆရာမ အလုပ်ခိုင်းထားတာရှိရင် မုန့်သွားစားနိုင်မှာမဟုတ်ဘူး.. တစ်ယောက်ယောက်ကိုပဲ ဝယ်ခိုင်းရမှာ"
"ဒါဆို Minnie ဝယ်လာပေးရမလား...??"
အခုမှပဲ အစ်ကိုနားကိုတအားကပ်ချင်နေတဲ့ ကလေးငယ်တစ်ယောက်လို Jimin ပူဆာမိတော့ ကိုကိုက လှစ်ခနဲပြုံးတယ်...။
"နေပါစေကွာ... ကိုယ့်ဘာသာကိုယ်ပဲ သွားစားလိုက်... ထမင်းအတူစားမှမဟုတ်ပါဘူး... ကိုယ်တို့ညီအကိုဆိုတာ အနှေးနဲ့အမြန်သိကုန်ကြမှာပဲလေ"
"အင်းပါ... အဲ့လိုဆိုတော့လည်း Minnie မပူဆာတော့ဘူးနော်"
"လိမ္မာတယ်"
သူ့ခေါင်းလေးကိုအသာပုတ်ကာ ပြောလိုက်တဲ့ ကိုကို့ကြောင့် Jimin သဘောကျကျေနပ်သွားရတယ်...။ အရင်ကထက်စာရင် Jimin အပေါ်မှာ ကိုကိုက အများကြီးအလိုလိုက်ပေးတာမို့ ကျေနပ်ရပါတယ်လေ...။
ဒီလိုနဲ့ကားလေးက ကျောင်းရှေ့မှာထိုးရပ်လိုက်တော့ သူတို့၂ယောက်လုံး ကားပေါ်ကနေဆင်းလာခဲ့လိုက်ကြတယ်...။ ကျောင်းမှာပေါ်ပြူလာတအားဖြစ်တဲ့ Yoongi ကို Jimin နဲ့အတူတွဲတွေ့လိုက်တော့ လူတော်တော်များများက ကွက်ကြည့်ကွက်ကြည့်နဲ့ပင်...။ Jimin ကတော့ ဒါကိုပဲစိတ်ထဲသဘောခွေ့နေကာ မြောက်ကြွမြောက်ကြွဖြစ်ချင်နေတယ်...။
"အတန်းထဲသွားတော့ Minnie... နေ့လည် အချိန်ရရင်ထမင်းအတူလာစားမယ်... မျှော်တော့မနေနဲ့နော်"

ESTÁS LEYENDO
Min Jimin (Completed)
RomanceA Innocent little boy who want to have family's love. A Yoonmin fanfiction WARNING : Incest~!!!!