(Unicode)
မျက်စိရှေ့မှာရှိနေတဲ့ဟင်းရည်အိုးက ပွက်ပွက်ဆူနေသည့်တိုင် Jimin တစ်ယောက် အာရုံမရောက်နိုင်ဘဲ စိတ်တွေပျံ့လွင့်လို့နေခဲ့တယ်...။ အခုဆိုရင် Yoongi နဲ့အဆက်အသွယ်မလုပ်ဖြစ်တာ တစ်ပတ်လောက်ရှိနေပြီ...။ ဟိုတနေ့က စာပို့လိုက်ပြီးကတည်းက Jimin ဖုန်းကိုစက်ပိတ်ထားလိုက်တာလေ...။
အိမ်ကိုများလိုက်လာလေမလားလို့ မဝံ့မရဲမျှော်လင့်မိပေမဲ့လည်း Yoongi ဘက်က စိတ်ပြတ်သားသွားသလားမပြောတတ်ပေ...။ ထို့အတူ Omma ကလည်း Yoongi ဆီကိုထပ်မသွားတော့တာကို Jimin သတိပြုမိပြန်တယ်...။ ဘာလို့လဲဆိုရင် ဒီရက်ပိုင်းတွေမှာ Omma က အပြင်မသွားဘဲ အိမ်မှာပဲ Jimin ကိုအဖော်ပြုပေးနေခဲ့တာလေ...။
အမှန်အတိုင်းပြောရရင် Yoongi နဲ့လမ်းခွဲရတဲ့အတွက် Jimin တစ်စက္ကန့်လေးမှ မပျော်ရွှင်ရပါ...။ ချစ်သူအဆင့်ကနေ ဘယ်လိုလုပ်ပြီး ညီအစ်ကိုရင်းတွေလို ပြန်နေထိုင်နိုင်မှာလဲ...။ မကျော်သင့်တဲ့စည်းတွေကို ကျော်ပြီးနေမှတော့ ဘာမှမဖြစ်ခဲ့သလို ပြန်နေနိုင်မယ်တဲ့လား...??
အခုလောလောဆယ်မှာတော့ Jimin စိတ်ထဲမှာ Yoongi ကိုပြင်းပြင်းထန်ထန် သတိရလွမ်းဆွတ်မိနေတယ်...။ တစ်ဖက်မှာလည်း ကိုယ်ကစပြီး လမ်းခွဲခဲ့တာမို့ အရမ်းလည်းအားနာမိပြန်တယ်...။ တစ်ယောက်တည်း ဆောက်တည်ရာမရနဲ့ Jimin လည်း ကြာရင်ရူးတော့မယ်ထင်ရဲ့...။
"Jimin လေး... ဟင်းရည်အိုးဆူနေပြီလေ... မီးမပိတ်သေးဘူးလား...??"
အဒေါ်ကြီးရဲ့အသံ ရုတ်တရတ်ထွက်ပေါ်လာတော့ Jimin လည်း အတွေးတွေပျံ့လွင့်နေရာကနေ လက်ရှိကာလကို ပြန်အမှတ်ရသွားတော့တယ်...။ မီးပိတ်မလို့လုပ်ပြီးမှ အရသာမထည့်ရသေးတာကို သတိရသွားပြန်၍ ဟိုလှမ်းစမ်းဒီလှမ်းစမ်းလုပ်နေတော့ အဒေါ်ကြီးလည်း သဘောပေါက်စွာနဲ့ Jimin ကို အသာတွန်းဖယ်လိုက်တော့တယ်...။
"အဒေါ်ကြီးပဲ ဆက်ချက်လိုက်တော့မယ်... Jimin က တခြားလုပ်စရာရှိတာ သွားလုပ်လိုက်တော့နော်"
"ဟုတ်ကဲ့အဒေါ်ကြီး... ကျေးဇူးပါနော်"
Jimin လည်း ကိုယ့်အခြေအနေကိုယ် နားလည်စွာနဲ့ပဲ မီးဖိုခန်းထဲကနေ အလိုက်တသိထွက်လာခဲ့လိုက်တော့တယ်...။ မဟုတ်ရင် ဟင်းအရသာတွေက ဘယ်လိုတွေဖြစ်လာမလဲ မသိနိုင်ဘူးလေ...။

DU LIEST GERADE
Min Jimin (Completed)
RomantikA Innocent little boy who want to have family's love. A Yoonmin fanfiction WARNING : Incest~!!!!