Part - 16

1.1K 152 58
                                        

(Zawgyi)

ကျောင်းထဲကိုဝင်လာတဲ့ Seokjin ရဲ့ခြေလှမ်းတွေက ခါတိုင်းထက်တက်ကြွနေခဲ့တယ်...။ မကြာခင်မှာ ချစ်ရတဲ့ကလေးလေးရဲ့မျက်နှာကို မြင်ရတော့မှာမို့လို့ထင်တယ်...။ Jimin ဘက်က ဘယ်လိုသဘောထားရှိမယ်ဆိုတာ မသေချာပေမဲ့လည်း Seokjin ကတော့ သူလေးကို တစ်နေ့တခြားပိုတိုးလို့ချစ်နေမိတယ်...။

စိတ်ပျော်ရွှင်နေတာကြောင့် လမ်းမှာ‌တွေ့သမျှကျောင်းသားတွေကို သိသိမသိသိပြုံးပြနေမိလို့ အားလုံးက Seokjin ကို တအံ့တဩဖြစ်နေကြတယ်...။ Kim Seokjin ဆိုတာ အရင်က တစ်ယောက်တည်းခပ်ချေချေနေတတ်တဲ့ ကျောင်းသားမလား...။

အတန်းထဲရောက်တော့ Yoongi ကိုမတွေ့ရသေး...။ Yoongi မပြောနဲ့ တခြားကျောင်းသားတွေတောင် စုံအောင်မရောက်ကြသေး...။ ဆန္ဒစောနေတဲ့ Seokjin ကသာ ကျောင်းကိုစောစောရောက်နေတာပါ...။ တကယ်တော့ တညလုံးလည်း ကောင်းကောင်းအိပ်မပျော်ခဲ့...။ Jimin ရဲ့အနမ်းကို ပြန်တွေးမိနေသောကြောင့်ပင်...။

ကလေးငယ်ဘက်က ရိုးရိုးသားသားနမ်းတာဖြစ်နိုင်ပေမဲ့လည်း Seokjin ကတော့ ဒီ့ထက်မက လောဘတက်ချင်လာတယ်...။ သေချာတာကတော့ Min Jimin လေးကို ကိုယ့်အပိုင်ဖြစ်လာစေဖို့ အစွမ်းကုန်ကြိုးစားတော့မှာပင်...။

Seokjin ဘက်က တက်ကြွနေသလောက် တစ်ဖက်က Jimin မှာတော့ သက်ပြင်းကိုအကြိမ်ကြိမ်ချနေမိတယ်...။ ညက ကိုကိုနဲ့ ကတောက်ကဆဖြစ်ခဲ့တာကြောင့် ခုမနက်မှာ မျက်နှာချင်းဆိုင်ဖို့အတွက် Jimin စိုးရွံ့နေမိတယ်...။ စောစောပိုင်းကတော့ ကိုကိုရေချိုးခန်းဝင်နေတုန်း ခါတိုင်းလုပ်နေကျအတိုင်း သူ့အတွက်ကျောင်းဝတ်စုံကို အဆင်သင့်သွားထုတ်ပေးခဲ့သေးတယ်...။

ဘယ်လိုပဲရှောင်လွှဲဖို့ကြိုးစားကြိုးစား ကျောင်းကို‌တော့အတူတူသွားရမှာမို့ Jimin ထိတ်လန့်နေမိခြင်းပင်...။ သူ့ကိုပြန်အော်ခဲ့တာကြောင့် ကိုကိုစိတ်များဆိုးနေမလား...။ Jimin လည်း ဘယ်လိုသတ္တိနဲ့များ ကိုကို့ကို ပြန်ခံပြောမိလဲမသိ...။ ပြန်‌‌တွေးမိတိုင်း ရူးချင်ချင်ဖြစ်လာတာ‌မို့ ခေါင်းကိုသာ လက်သီးဆုပ်လေးနဲ့ ပြန်ထုနေလိုက်တယ်...။

"အဲ့မှာဘာရပ်လုပ်နေတာလဲ Jiminnie... မနက်စာသွားမစားသေးဘူးလား...??"

Min Jimin (Completed)Donde viven las historias. Descúbrelo ahora