(Zawgyi)
Yoongi က အပြင်မှာခဏလျှောက်ကြည့်နေလိုက်ဆိုလို့ Jimin တစ်ယောက် ယောင်ချာချာနဲ့ဖြစ်နေတယ်...။ ပြီးမှ သူလာခေါ်မယ်ဆိုတော့လည်း ဒီတိုင်းနေရုံပေါ့...။
သင်္ဘောကုန်းပတ်ပေါ်မှာ ခရီးသည်တွေကို မပျင်းရိရစေရန် ပျော်ပွဲရွှင်ပွဲသေးသေးလေးတွေ စီစဉ်ပေးထားသော်လည်း တစ်ယောက်တည်းနေလေ့မရှိတဲ့ Jimin အဖို့ကတော့ ယောင်လည်လည်ပါပဲ...။ ဒုတိယထပ်မှာ ကွန်ပျူတာဂိမ်းတွေနဲ့ ကာစီနိုဝိုင်းတွေရှိပေမဲ့လည်း လူပိုရှုပ်တာကြောင့် Jimin မသွားချင်...။
နောက်တော့လည်း Jimin ရဲ့အာရုံက မျက်လှည့်ပြနေတဲ့ဦးလေးကြီးဆီ ရောက်သွားခဲ့တယ်...။ သစ်ဆန်းတဲ့မျက်လှည့်ပြကွက်တွေကို Jimin တအံ့တဩနဲ့ကြည့်နေရင်း အချိန်တွေတဖြည်းဖြည်း ကုန်လွန်သွားခဲ့တယ်...။
"ဘေဘီ..."
နောက်ကခေါ်သံနဲ့အတူ သူ့ပခုံးကိုလာဖက်တဲ့ Yoongi ကို Jimin ပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်တယ်...။ အဆုံးစွန်ထိ ရင်းနှီးသွားပြီးနောက်ပိုင်းမှာ Yoongi က အရင်လို Minnie မခေါ်တော့ဘဲ ဘေဘီတို့ သဲငယ်တို့ ခေါ်တတ်လာတယ်လေ...။ Jimin ကတော့ သူ့ကိုရည်စူးပြီးခေါ်တဲ့ ဘယ်နာမည်ကိုမဆို ကြိုက်နှစ်သက်ပြီးသားပင်...။
"အခန်းကိုပြန်ကြရအောင်လေ"
"ဟုတ်ကဲ့ကိုကို"
Jimin လည်း Yoongi လက်ဆွဲခေါ်ရာနောက်ကို အသာတကြည်ပဲ လိုက်လာခဲ့တယ်...။ သူ့ကိုအပြင်ခဏထုတ်ထားရတဲ့အကြောင်းကိုလည်း အထူးအဆန်းလုပ်ပြီးမမေးမိ...။ ကိုကိုပြောသမျှကို Jimin နားထောင်နေကျမို့ဖြစ်မယ်...။
အခန်းရှေ့ရောက်တော့ သူ့လက်ထဲကိုသော့ထည့်ပေးပြီး ကိုယ်တိုင်ဖွင့်စေတာကြောင့် Jimin လည်း ဖွင့်လိုက်တော့တယ်...။ တံခါးကိုအဖွင့်မှာ မြင်လိုက်ရတဲ့အခန်းအနေအထားကြောင့် Jimin ခေတ္တမျှအံ့ဩမင်သက်သွားရတယ်...။
ပူဖောင်းတွေ ပန်းတွေနဲ့အလှဆင်ထားတဲ့ သူတို့ရဲ့အခန်း...။ စားပွဲပေါ်မှာလည်း ကိတ်မုန့်လှလှလေးတစ်လုံးနှင့် တခြားသောစားစရာသောက်စရာတွေရှိနေပြီး နံရံထက်မှာတော့ Happy Birthday Jiminnie ဆိုတဲ့စာသားလေးကို ချိတ်ဆွဲထားတယ်...။

ČTEŠ
Min Jimin (Completed)
RomanceA Innocent little boy who want to have family's love. A Yoonmin fanfiction WARNING : Incest~!!!!