(Zawgyi)
Jimin ကျောင်းကပြန်လာတော့ ခြံထဲမှာစားသောက်ပွဲတွေ ခင်းကျင်းနေတာတွေ့ရတာကြောင့် အံ့ဩသွားရတယ်...။ အလုပ်သမားတွေကိုလည်း အပြင်ကငှားထားပုံရပြီး စားသောက်ဖွယ်ရာတွေကို ဘူဖေးသဖွယ်ပြင်ဆင်နေကြတာလေ...။
Jimin လည်း ဇဝေဇဝါနဲ့ပင် အိမ်ထဲဝင်လာလိုက်တော့ ဧည့်ခန်းထဲမှာလည်း အိမ်အလုပ်သမားတွေကို ညွှန်ကြားပေးနေတဲ့ Omma ကိုတွေ့ရပြန်တယ်...။ Omma က ဒီနေ့ကျမှ ခါတိုင်းထက်ပင်လှပနေတယ်...။ တောက်ပသစ်လွင်တဲ့ အဝတ်အစားတွေအပြင် လက်ဝတ်ရတနာတွေကိုပါ ဝတ်ဆင်ထားတယ်လေ...။
"သားငယ်လေး ပြန်ရောက်လာပြီလား...?? ခဏနားပြီးလို့ ရေချိုးပြီးရင် Omma သားရဲ့ကုတင်ပေါ်မှာ တင်ပေးထားတဲ့ဝတ်စုံလေး ဝတ်ပြီးဆင်းခဲ့နော်"
"ဟုတ်ကဲ့ Omma... ဒီနေ့အိမ်မှာ ပွဲတစ်ခုခုလုပ်ဖို့ရှိနေတာလား...??"
"ဟုတ်တယ်လေ သားလေးရဲ့... အရမ်းအရေးကြီးတဲ့ပွဲပေါ့... ခဏလေး အဲ့ပန်းအိုးကြီးကို ဒီဘက်မှာနေရာချလိုက်လေ... အဲ့မှာဆိုလမ်းပိတ်နေမယ်... ဖြည်းဖြည်းချင်းသယ်နော်... ၂ယောက်မနိုင်ရင် ၃ယောက်သယ်ကြ"
တော်တော်လေးအလုပ်ရှုပ်နေပုံရတဲ့ Omma ကို Jimin လည်း ဆက်မမေးတော့ဘဲ အခန်းဆီကိုသာ တက်လာခဲ့လိုက်တယ်...။ သူက ကလေးမို့လို့ အိမ်မှာပွဲလုပ်တိုင်းလည်း ဘေးမှာထိုင်နေရုံသာမို့ သိပ်အပန်းမကြီးပါ...။ အရင်ကလည်း Appa ရဲ့အလုပ်နဲ့ပတ်သတ်တဲ့ ဧည့်ခံပွဲတွေလုပ်နေကျမို့ သိပ်လည်းစိတ်ထဲထားမနေတော့ပေ...။
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာတင်ထားတဲ့ နက်ပြာရောင် အနောက်တိုင်းဝတ်စုံလေးကြောင့် Jimin သဘောကျစွာပြုံးလိုက်တယ်...။ ကျောပိုးအိတ်ကို စာကြည့်စားပွဲပေါ်တင်လိုက်ပြီး Jimin လည်း ရေချိုးဖို့လုပ်လိုက်တော့တယ်...။ အောက်မှာလူကြီးတွေက အလုပ်ရှုပ်နေတာဆိုတော့ Jimin လည်း နည်းနည်းတော့သွားကူညီပေးရမှာပေါ့...။
အားလုံးပြင်ဆင်ပြီးတော့ Jimin လည်း အခန်းထဲကနေပြန်ထွက်လာတဲ့အခိုက် သူ့မျက်နှာချင်းဆိုင်က Yoongi ရဲ့အခန်းလည်း ခပ်ဟဟပွင့်နေတာကို သတိထားမိသွားတယ်...။ ဘာလဲ... ကိုကိုလည်းရောက်နေတာလား...??
YOU ARE READING
Min Jimin (Completed)
RomanceA Innocent little boy who want to have family's love. A Yoonmin fanfiction WARNING : Incest~!!!!