Part - 29

1K 93 96
                                        

(Zawgyi)

ဆရာသင်နေတဲ့စာတွေကိုလိုက်မှတ်ရင်း တချက်တချက် Yoongi ရဲ့မျက်လုံးတွေစင်းကျလာပြီး ခေါင်းကလည်း ရှေ့ကိုငိုက်ငိုက်ကျသွားတယ်...။ စာကိုဘယ်လောက်ပဲ အာရုံစိုက်ဖို့ကြိုးစားကြိုးစား အိပ်ရေးပျက်ထားတဲ့ဒဏ်တွေကြောင့် လူက ဘယ်လိုမှမဟန်နိုင်တော့ပေ...။

ကျယ်လောင်တဲ့အတန်းဆင်းခေါင်းလောင်းသံကြားမှ Yoongi တစ်ယောက် ငိုက်နေရာကနေ ကမန်းကတမ်းနိုးထလာ‌တော့တယ်...။ ဘေးဘီဝဲယာကိုကြည့်လိုက်‌တော့ ကျောင်းသားတော်တော်များများက စာအုပ်တွေသိမ်းပြီးလို့ အတန်းပြင်ကိုတောင် ထွက်လို့နေကြလေပြီ...။

"ဆရာပြန်ထွက်သွားတာကြာပြီလား...??"

ဘေးခုံက ကျောင်းသားတစ်‌ယောက်ကို Yoongi လှမ်းမေးလိုက်တော့ သူက ခေါင်းညိတ်ပြရင်းအဖြေပြန်ပေးလာခဲ့တယ်...။

"နည်း‌နည်းတော့ကြာပြီ... ညနေကျရင် assignment တွေထပ်ရမယ်"

အရင်လိုမျိုးသာဆို တနေ့စာတနေ့လိုက်လုပ်ထားတာကြောင့် assignment လုပ်ခါနီးတိုင်း Yoongi တစ်‌ယောက် ပေါ့ပေါ့ပါးပါးဖြစ်နေတတ်ပေမဲ့ ခုတလောကတော့ အလုပ်တစ်ဖက်နဲ့မို့ စာလည်းသေချာမလုပ်ဖြစ်ပေ...။ ခုလည်း ဘယ်ကနေစလို့စရမှန်း မသိတော့ပေ...။ အဆိုးဆုံးက လုပ်ရမဲ့ခေါင်းစဉ်ကိုမသိခြင်းပင်...။

"ဟိုလေ ငါ့ကိုတချက်လောက်ပြောပြပေးလို့ရမလား... ခေါင်းစဉ်နဲ့ အကြောင်းအရာနည်းနည်းလောက်ပေါ့"

"အင်း...ရတယ်လေ အတူတူလုပ်ကြတာပေါ့"

ကိုယ့်ဘက်က အကူအညီ‌တောင်းခံတာကို တစ်ဖက်လူက လျောလျောလျူလျုလက်ခံလာတာကြောင့် Yoongi ကျေနပ်သွားခဲ့တယ်...။ ခုလောလောဆယ်တော့ နေ့လည်စာစားချိန်မို့ ထိုကျောင်းသားနဲ့အတူတူပဲ ထွက်လာခဲ့လိုက်တော့တယ်...။

"မင်းကိုသတိထားမိနေတာကြာပြီ... အမြဲလိုလိုတစ်ယောက်တည်းပဲနော်"

သူ့ဆီကစကားကြောင့် Yoongi လည်း ဖျတ်ခနဲပြန်ကြည့်လိုက်မိကာ အလိုက်သင့်ပြုံးပြလိုက်တယ်...။ ကိုယ့်ကို တခြားသူတစ်ယောက်က သတိထားမိနေတယ်ဆိုတာ ကောင်းတာပဲလေ...။

Min Jimin (Completed)Donde viven las historias. Descúbrelo ahora