Part - 33

1K 82 42
                                        

(Unicode)

Lee Eunhee နှင့် Lee Dahee...။
အစ်မဖြစ်သူ Eunhee က နူးညံ့သိမ်‌မွေ့ပြီး အရှက်အကြောက်ကြီးသော မိန်းကလေးတစ်ယောက်ဖြစ်သလို ညီမဖြစ်သူ Dahee ကတော့ သွက်လက်ချက်ချာသူတစ်ယောက် ဖြစ်နေပြန်တယ်...။ ငယ်စဉ်ကတည်းက ကျောင်းကပွဲတိုင်းမှာပါဝင်ခဲ့တဲ့ Dahee ဟာ အရွယ်လေးရလာတော့ သူမရဲ့အိပ်မက်က ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာဖို့ပင်...။

ဒါတွေအားလုံးက သူမရဲ့အချစ်ဦးကိုမတွေ့ခင်ကပေါ့...။

သူမရဲ့အချစ်ဦးဖြစ်တဲ့ Choi WooBin ဟာ ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့ ကျောင်းသားတစ်ယောက်ပါပဲ...။ ထိုသို့ မိန်းကလေးတိုင်းသဘောကျရတဲ့သူက သူမကိုချစ်ခွင့်ပန်လာတဲ့အခါ သူမလည်းမငြင်းဆန်နိုင်ခဲ့ပေ...။ သူနဲ့တွဲဖြစ်တော့ ကျောင်းမှာဟိုးလေးတကြော်ဖြစ်ခဲ့သေးတာပဲလေ...။

ချစ်ရသူရှိနေပြီဆို‌တော့ Dehee ရဲ့အိပ်မက်တွေက ပြောင်းလဲလို့လာခဲ့တယ်...။ သူမရဲ့ရှေ့မှာပင် လက်ထပ်သွားခဲ့တဲ့ အစ်မဖြစ်သူကိုကြည့်ပြီး သူမသည်လည်း ချစ်သူနဲ့လက်တွဲပြီး သာယာပျော်ရွှင်တဲ့ဘဝလေးကို တည်ထောင်ချင်ခဲ့တယ်...။

ဒါပေမဲ့လည်း ထိုသူဟာ သူမကိုလိမ်ညာလှည့်စားခဲ့မှန်း သိရတဲ့အချိန်ဟာ အရမ်းနောက်ကျသွားခဲ့လေပြီ...။ သူမကိုရဖို့အတွက် လောင်းကြေးအလဲအထပ်တောင် ပြုလုပ်ခဲ့မှန်းသိရတဲ့အခါ ထိုသူကို သူမ အမုန်းကြီးမုန်းသွားခဲ့တယ်...။ သို့သော်လည်း သူမဆီမှာ ထိုသူနဲ့ရတဲ့ ရင်သွေးလေးကိုလွယ်ထားရလေပြီ...။ ထိုအချိန်က သူမရဲ့အသက်ဟာ ၁၆နှစ်ပင်မပြည့်သေး...။

မိဘတွေကိုလည်းမပြောရဲတဲ့သူမဟာ အရင်းနှီးဆုံးဖြစ်တဲ့ အစ်မဖြစ်သူကိုတိုင်ပင်ဖို့အတွက် လာခဲ့တဲ့အခါ ငိုနေတဲ့အစ်မကိုတွေ့လိုက်ရတာကြောင့် အံ့ဩထိတ်လန့်သွားရပြန်တယ်...။

"Unnie... ဘာဖြစ်လို့လဲဟင်...?? Oppa က အနိုင်ကျင့်လို့လား...?? ဘာလို့ငိုနေတာလဲ...??"

သူမ စိုးရိမ်တကြီးမေးတဲ့အခါ အစ်မဖြစ်သူ Eunhee ဟာ သူမကိုဖက်တွယ်ရင်း သည်းထန်စွာငိုကြွေးပြီးမှ အကြောင်းစုံကိုရှင်းပြလာတယ်...။

Min Jimin (Completed)Where stories live. Discover now