~သခင်ကြင်လျှင်ချစ်ခြင်းမည်~
"စိုင်းနေ … နိဒါန်းလဲပြန်မလာသေးဘူးနော်"
"အေး ဒီကောင် ကိုသ့ူသခင်နဲ့သွားတာပဲ"
"သူတို့အဆင်ပြေမလားမသိဘူး"
"မပြေနိုင်သေဘူးကွ ဘာလို့လဲဆိုတော့ သူ့သခင်ကတခါတွေ့ယုံနဲ့ အဆင်ပြေနိုင်တဲ့သူမှမဟုတ်တာ"
"မင်းပြောတာလဲဟုတ်တယ် ဒါနဲ့ဘယ်သွားကျတာပါလိမ့်"
"သူလာမှမေးကြည့်ရမှာပဲကွာ"
"ငါတို့ရှုံးမလားမသိဘူး စိုင်းနေ"
"ဟုတ်တယ်စိုင်းနေ ငါတို့ နိဒါန်းကိုရှုံးလို့တော့ဂွမ်းပြီ"
"မင်းတို့ကလဲကွာ ငါတို့ကစားပွဲကအခုမှစတာလေ
နိဒါန်းက သူ့သခင်ကိုအသဲခွဲဖို့အတွက်လေ သူသာ သူ့သခင်ကိုတကယ်ချစ်သွားရင်
သူရှုံးမှာလေ ဒီလောက်ချောလှတဲ့လူတစ်ယောက်ကို ဒီကောင်တကယ်မချစ်ဘဲနေမလားကွ
မင်းတို့ကလဲစဉ်းစားလေ""မင်းပြောတာလဲဟုတ်ပါတယ်ဒါပေမဲ့ နိဒါန်းကအမြဲအနိုင်လိုချင်တဲ့ကောင်ကွ သူငါတို့ကိုတော့အရှုံးပေးမှာမဟုတ်ဘူး"
"အခုမှအစပဲရှိသေးတယ် အဆုံးထိစောင့်ကြည့်ရအုံးမှာ
စကားမများနဲ့ထ… ထမင်းသွားစားမယ်""အေးပါ" စိုင်းနေတို့ နိဒါန်းကိုမစောင့်ဘဲ လမ်းထိပ်ကထမင်းဆိုင်ကိုထွက်လာခဲ့ကြသည်။
~~~~~~~~~~
"ရပြီ မင်းပြန်တော့"
"ဟင် ကိုကို့အိမ်ကရောက်ပြီမို့လား"
"အင်း ရောက်ပြီ ဒါငါတို့လမ်းထိပ်လေ ဟိုဘက်ဆက်သွားရင်အိမ်ရောက်ပြီ"
"ရရဲ့လား ကျနော်အိမ်အထိလိုက်ပို့ပေးမယ်လေ ကိုကို"
"ရတယ် မင်းပြန်တော့"
"ဟုတ်ကဲ့"
"အဟမ်း…ကျေးဇူးပဲ ဒီနေ့ငါနဲ့လိုက်ခဲ့ပေးလို့"
"ရပါတယ်ဗျာ ကိုကို့အတွက်ပဲ ဒါနဲ့မနက်ဖြန်ရော ဒီနေ့လိုသွားအုံးမလား"
"အခြေအနေအရပေါ့. . ငါသွားပြီ"
"ဟုတ်"
နိဒါန်းနဲ့ကိုကိုတစ်လမ်းစီကျောခိုင်းလာခဲ့ကြသည်။
အတော်ဝေးဝေးရောက်မှ နိဒါန်းနောက်ကိုပြန်လှည့်ကြည့်လိုက်သည်။
ကောင်းကင်ကိုမော့ကြည့်ကာလမ်းလျှောက်နေသည့်မာနသခင်လေး။
