~သခင်ကြင်လျှင်ချစ်ခြင်းမည်~
"အန်တီ…."
"အာကာယံဟိန်း သားစီလာတာလား"
"ဟုတ်တယ်အန်တီ သခင် နေကောင်းလား"
"သက်သာပါတယ်ကွယ် ဒါနဲ့မင်းကျောင်းကနေလာတာလား"
"ဟုတ်တယ်အန်တီ အန်ကယ်ရောဘယ်သွားလဲ"
"မင်းအန်ကယ်ကတော့ကုမ္မဏီသွားရတာပေါ့ကွယ်
အလုပ်တွေကရှိသေးတော့""ဟုတ်ကဲ့ သခင်ဘယ်နေ့ဆေးရုံကဆင်းရမှာလဲအန်တီ"
"2ရက်3ရက်နေဆင်းလို့ရမယ်ထင်တယ်
အထဲဝင်သွားလိုက် သားရှိတယ် အန်တီ ဆေးတွေဝယ်လိုက်အုံးမယ်""ဟုတ်ကဲ့ အန်တီ"
အာကာ အခန်းထဲဝင်ခဲ့သည်။
သခင့်နှဖူးမှာပတ်တီးစီးထားသည့်အပြင်
လက်မှာလဲပတ်တီးစီးထားသေးသည်။"သခင် . ."
"အော်…အာကာယံဟိန်း ဘာလဲ ငါ သေမသေလာကြည့်တာလား"
"ဟာ မဟုတ်ပါသခင်ရယ် ကိုယ်က မင်းနေမကောင်းဘူးဆိုလို့လာခဲ့တာပါ
ဒီမှာမင်းအတွက်အားရှိမဲ့မုန့်လေးတွေဝယ်လာသေးတယ်""မလိုပါဘူး ဒီမုန့်တွေငါလဲဝယ်စားနိုင်ပါတယ်"
"ဟုတ်ပါတယ်ကွာ မင်းစားနိုင်တာကိုသိတယ်
ဘယ်လောက်ပဲမင်းမာနကြီးပါစေ
လူတစ်ယောက်စေတနာကိုတော့အသိအမှတ်ပြုသင့်တာပေါ့""အဲ့စေတနာကမျှော်လင့်ချက်တွေပါနေရင်
မင်းတာဝန်ယူမှာလား""တာဝန်ယူတာပေါ့ ဘာလို့လဲဆိုကိုယ်က သခင့်ကိုချစ်နေရတာလေ"
"ဒီမှာ မင်းငါ့ကိုသတင်းလာမေးတာလား
ရည်းစားစကားလာပြောတာလား…ဒါတွေပဲဆက်ပြောနေမယ်ဆိုရင်မင်းပြန်လိုက်တော့""ဟုတ်ပါပြီကိုယ်မပြောတော့ဘူး
ဒီကိုလာခါနီး ဝေဖြိုးသာနဲ့တွေ့ခဲ့သေးတယ်
လိုက်ခဲ့ဖို့ခေါ်တာမလိုက်ဘူးတဲ့လေ ""ငါသိတယ်. . ."
"ဒါနဲ့ မင်းရဲ့တောသားရောလာမမေးဘူးလား"
"မင်းသူများအရေးကို ယောကျာ်းကြီးဖြစ်ပြီးဘာလို့စပ်စုချင်နေရတာလဲ လာလာ မလာလာ မင်းနဲ့ဆိုင်လို့လား"
