*သခင်ကြင်လျှင်ချစ်ခြင်းမည်*
"တီ. . .တီ. .တီ. . .တီ"
အိမ်ရှေ့ကကားဟွန်းသံကြောင့် သခင်အခန်းထဲက
လိုက်ကာစကိုဖယ်ကြည့်လိုက်သည်။
အာကာယံဟိန်းကားဖြစ်နေသည်။ ကျောင်းသွားဖို့ သခင့်ကိုလာခေါ်တာပဲဖြစ်မည်။
သခင်လဲ အိပ်ယာပေါ်တက်ကာပြန်အိပ်နေလိုက်သည်ဒေါက်. . .ဒေါက်. . .
"သခင်လေး…ဖြူဖွေးပါ"
"ဝင်ခဲ့. ."
"သခင်လေး အောက်မှာဧည့်သည်ရောက်နေတယ်
မြန်မြန်ဆင်းလာဖို့ဆရာကမှာလိုက်တယ်""ဒီနေ့ငါနေမကောင်းလို့ကျောင်းမတက်ဘူးလို့ပြောလိုက်"
"ဟုတ်ကဲ့သခင်လေး"
ဖြူဖွေးကအောက်ပြန်ဆင်းသွားသည်။
သခင်ဝတ်ထာပြီးသားအဝတ်စားတွေကိုပြန်လဲလိုက်သည်။
ညအိပ်ဝတ်စုံကိုပြန်ဝတ်ပြီး စောင်ထဲပြန်ဝင်နေလိုက်သည်။"သား. . .သား သူ့သခင်"
ဒယ်ဒီအခန်းထဲဝင်လာသည်မို့
မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်ကြည့်လိုက်သည်။"ဒယ်ဒီ ဘာပြောစရာရှိလို့လဲ ကျနော်နေမကောင်းလို့ဆက်အိပ်ချင်သေးတယ်"
"ကျောင်းမသွားဘူးလား
အောက်မှာအာကာယံဟိန်းရောက်နေပြီ""ဒယ်ဒီကလဲ နေမကောင်းပါဘူးဆို
သူ့ကိုဘယ်သူကလာခေါ်ခိုင်းလဲ ဒီနေ့ကျောင်းမသွားဘူး""သား ဒယ်ဒီ့ကိုမလိမ်နဲ့"
"ဘာလဲ ဒယ်ဒီက ဟိုမိန်းမကြီးပြောတာပဲအမှန်ထင်နေတာလား သခင်ပြောသမျှကိုလိမ်တယ်ပဲထင်နေတာလား"
"ကဲ. .မလိုက်ချင်ရင်လဲနေ
ဒီနေ့တစ်ရက်ပဲရမယ် သား
နောက်ရက်လဲ အာကာယံဟိန်းနဲ့ပဲသွားရမယ်"ဒယ်ဒီကပြောပြီးအခန်းထဲကပြန်ထွက်သွားသည်။
ဘာကိစ္စနောက်ရက်လဲ အဲ့ကောင်နဲ့သွားရမှာလဲ။
ကိုယ့်သားကို အိမ်ထောင်ချပေးချင်တာများ မိန်းကလေးတစ်ယောက်နဲ့ပေးစားလိုက်ရင်ပြီးနေတာကို။
ဘာကိစ္စ ယောကျာ်းချင်းလဲ။
ဒယ်ဒီ့ကိုရှေးလူကြီးလို့ထင်ထားတာ။အခုတော့ သခင့်ထက်တောင် ခေတ်ရှေ့ပြေးနေသေးသည်။
