*သခင်ကြင်လျှင်ချစ်ခြင်းမည်*
"ကိုကို…ကိုကို နေပါအုံး"
အမောတကြီး သခင့်နောက်ကိုပြေးလိုက်လာသည့် နိဒါန်းသစ်။
"ဘာဖြစ်လာတာလဲ "
"မမှီမှာစိုးလို့လေ ကျနော်ဒီနေ့အိပ်ယာထနောက်ကျတော့
ကားမမှီလိုက်ဘူး ကိုကိုကလဲ ကျနော့်ကိုတောင်မစောင့်ဘူး""ငါကမင်းကျောင်းရောက်ပြီထင်တာလေ"
"မရောက်သေးပါဘူး…ဒါနဲ့လေမနေ့ညက သီချင်းကြိုက်လား"
"အဲ့ဒါဘာသီချင်းလဲ"
"ဂရေဟမ်ဆိုတာလေ သီချင်းနာမည်က အချစ်ငှက်ငယ်တဲ့"
"အော်"
"သီချင်းအဓိပ္ပာယ်ကိုကျနော်ရှင်းပြရမလားကိုကို"
မြန်မာသီချင်းကို အဓိပ္ပာယ်မသိဘူးပြောရင် သခင်လိမ်ရာကျမည်ပေါ့။
"ဟင်. .မလိုဘူးရတယ်"
"မရပါဘူး ကျနော်ရှင်းပြချင်တယ်"
"မင်းနော်"
ကိုကို့မျက်နှာကနီနေသည်။
နားရွက်ဖျားလေးတွေဆိုတာလဲ နေရောင်အောက်မှာပိုလို့တောင်နီမြန်းနေသေးသည်။"သခင်"
နိဒါန်းနဲ့ကိုကိုစကားပြောနေတုန်း ဟိုငနာအာကာယံဟိန်း ရောက်လာပြန်သည်။
"သခင်အနေအထိုင်လေးဘာလေးဆင်ခြင်အုံး
ဘေးလူတွေပြောတာကိုလဲနည်းနည်းဂရုစိုက်အုံး""မင်းဘာပြောချင်တာလဲ အာကာယံဟိန်း ငါကဘယ်သူ့ကိုဂရုစိုက်ရမှာလဲ"
"မင်းနဲ့ ဒီကောင်ကို ချစ်သူတွေလို့သူများတွေပြောနေကြပြီလေ
မင်းမသိဘူးလား အဲ့ဒါမင်းဒီကောင်နဲ့အရောတဝင်နေလို့""ငါ့ဘာငါဘယ်သူနဲ့အရောတဝင်နေနေ မင်းနဲ့ဘာဆိုင်လဲ ယောကျာ်းလေးနှစ်ယောက်ကတောင် ရင်းနီးလို့မရဘူးလား"
"ဆိုင်တယ် မင်းနဲ့ငါ့ကို လူကြီးတွေသဘောတူထားတာမင်းမမေ့နဲ့"
"အရေးမပါတာတွေလာပြောမနေနဲ့အာကာယံဟိန်း
လူကြီးတွေမျက်နှာကြောင့်ငါမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံနေတာ
ရောင့်တက်မလာနဲ့ မင်းသိထားဖို့ကလူကြီးတွေစီစဉ်တိုင်း
ငါလက်ခံလိမ့်မယ်မထင်နဲ့"
