အိမ်ထဲသို့ ဝင်လာသည့် ခြေသံပြင်းပြင်းက Jeon အငယ်လေးမှန်း သူမ လုံးဝသိသည် ။
ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပုံအရ တစ်ခုခု အဆင်မပြေလာမှန်း သိသာလွန်း။
''Jeonအငယ်လေး သား
ဘာဖြစ်လို့လည်း''မေးသည်ကို ပြန်မဖြေပဲ နံရံကိုသာ စိုက်ကြည့်နေသဖြင့် ချက်ချင်းစစ်ဆေးကြည့်တော့ လက်ညိုးထိပ်တွင် လောလောလတ်လတ် လောင်ကျွမ်းထားသော အမှတ်တစ်ခု ။
ပျာပျာသလဲ ဆွဲယူလိုက်ပြီး..
''သားကို အမြဲ လက်အိတ်စွပ်ဖို့ အဘွားမပြောဘူးလား ဟမ် ။ ဒါက ဘယ်လူသားနဲ့ ထိလို့ ရလာတဲ့ ဒဏ်ရာလည်း''
''အစွာလေး တစ်ယောက်ဆီက''
''ဘာကိစ္စ သွားထိတာလည်း ။ ပုံမှန်ဆို မင်းမလိုလားရင် ဘယ်သူမှ မင်းကို မမြင်နိုင်ဘူး မဟုတ်လား''
''အဲ့အစွာလေးက မြင်ရတယ် ။ ပြီးတော့ သူ့နဖူးကို မတောက်ပဲ မနေနိုင်လို့ ''
သူ့အဖြေကို အဘွားက သဘောမကျ ။ မျက်မှောင်ကြီး ကျုံ့ပြသည် ။
''ဆင်ခြင်စမ်းပါ သားရယ် ။ ရေခဲကပ်ဖို့ အဘွား သွားယူလိုက်ဦးမယ်နော်''
အဘွားထွက်သွားမှ အံကျိတ်တင်းခဲ့သမျှ ဖွင့်ဟပစ်ရသည် ။ လက်ညိုးထိပ်က ဒဏ်ရာက လက်တစ်ခုလုံးကို တဆစ်ဆစ်နဲ့ ကိုက်ခဲစေနေတာမို့ ။
သူက သာမန်မဟုတ်တာမို့ လူသားနဲ့ အသားချင်းထိမိရင် အဆုံးမရှိ ရှည်လွန်းတဲ့ သူ့အသက်က သက်တမ်းဖြည်းဖြည်းချင်း လျော့သည်။
အခုလည်း နဖူးလေးကို လက်ညိုးနဲ့ ထိလိုက်တာကို ခန္ဓာကိုယ်က ကမ္ဘာတွေ ပျက်နေတာ။
အဘွားက မီးဖိုချောင်ထဲကနေ ရေခဲယူလာပြီး သူ့လက်ညိုးထိပ်ကို အုံပေးသည်။
''အဘွား ပတ်တီးနဲ့ ဆေးနည်းနည်းလောက် Tarko မြောက်ပိုင်းက အချုပ်ခန်းကို သွားပေးလိုက်ပါ''
ရေခဲအုံပေးရင်းကနေ အဘွားက အထူးအဆန်းသဖွယ် မော့ကြည့်လာသည်။
''ဘာလို့လည်း သားလေး''
''အဲ့ omega ခြေထောက်မှာ ဒဏ်ရာရှိနေတယ် ။ သူ့ကို အချုပ်ခန်းထဲမှာ ဆေးထည့်ပေးမယ့်လူ မရှိလောက်ဘူး ''
DU LIEST GERADE
I'm not Omega ( Completed )