~2~

20K 2.3K 142
                                    

တစ်ညတည်းနဲ့ ပြောင်းလဲသွားတဲ့ ကိုယ့်ခန္ဓာကိုယ်ကို သေလောက်အောင် စိတ်ပျက်မိသည် ။

Omegaတဲ့ ။ တစ်ရာမှာ တစ်ယောက်ပဲ ရှိတဲ့ Male Omega တဲ့ ။

ရှက်လွန်းလို့ ၊ မယုံနိုင်လွန်းလို့ ကိုယ့်မျက်နှာကိုယ် ဓားနှင့် လှီးပစ်ချင်မိသည်။

သို့ပေမဲ့ အတွေးထက်အရင် လက်က မောင်းချဓားကို ဆုပ်ကိုင်နှင့်နေပြီ။

မှန်ဝိုင်းထဲမှာ မြင်နေရတဲ့ ကိုယ့်အညိုရောင်မျက်ဆံ မျက်လုံးကို အရင်ထိုးပစ်ဖို့ ဓားနှင့် ရွယ်လိုက်သည် ။

သို့ပေမဲ့ မလုပ်ရက် ။ ဘဝမှာ ကိုယ့်ကိုယ်ကို ချစ်ပြီး နေလာခဲ့တာ ဆယ်နှစ်ကျော်ပြီကို အခုမှ သောက်ရူးလည်း မထရဲ ။

မာန်တက်ခဲ့တဲ့ True Blood Alpha ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက နေ့ချင်းညချင်းကို ပျောက်သွားတော့တာ ။

အကာအကွယ်တစ်ခု ဆုံးရှုံးသွားသလိုမျိုးမို့ ငိုချင်သလိုပါ ဖြစ်လာရသည်။

အရင်တုန်းက ဝမ်းနည်းမလွယ်ပေမဲ့ အခုမှ ဘာထဖြစ်မှန်း ကိုယ့်ကိုယ်ကိုလည်း နားမလည် ။

ထိုအခိုက် မှန်ဝိုင်းထဲက မျက်ဆံ အဝါရောင် ချက်ချင်းပြောင်းသွားတဲ့ ကိုယ့်ပုံရိပ်ယောင် ။

ဝမ်းနည်းနေတာမို့ မျက်ဆံက
အဝါရောင်ပြောင်းသွားတာ ။

မောင်းချဓားကို နံရံဆီ ပစ်ပေါက်ပြီး မခံမရပ်နိုင်အောင် ကုန်းအော်မိသည်။

လက်မခံနိုင်ဘူး ။ တသက်နဲ့တစ်ကိုယ် အထင်သေးခဲ့တဲ့ Omega ဆိုတာကြီး ဖြစ်လာတာကို ဘယ်လိုမှ လက်မခံနိုင်ဘူး ။

ရှိသမျှ ပစ္စည်းတွေ အကုန် စိတ်ရှိတိုင်း ရိုက်ခွဲပစ်တာ အခန်းတစ်ခုလုံး မွစာကြဲလို့ ။

ပုလင်းကွဲတစ်ခု ခြေထောက်ကို စူးခါမှ သောင်းကျန်းတာ ရပ်သွားသည်။

သို့ပေမဲ့ ပေတေပြီး ခြေထောက်က ပုလင်းကွဲကို ဆွဲမနုတ်ဖြစ် ။

ဝိုင်ကို ပုလင်းလိုက် မော့ချရင်းသာ
နံရံကို ခေါင်းမော့ပြီး မှီနေမိသည် ။

အတွေးထဲ ခပ်ရေးရေး ဝင်လာသည်က အဲ့ဒီမှဲ့ ။ နှုတ်ခမ်းအောက်က မှဲ့ ။

I'm not Omega ( Completed )Onde histórias criam vida. Descubra agora