''လက်တွေ မျက်နှာတွေမှာ အပူလောင်ထားသလို ဒဏ်ရာတွေ ရှိနေပြန်ပြီ ။ မင်း အဲ့ omega လေးကို ထိချင်တယ်ဆိုလည်း တော်ရုံပဲ ထိပေါ့ ။ ဒဏ်ရာ ရရင် ဒီအဖွားကပဲ အမြဲဆေးလိမ်းပေးနေရတာကို''
ဆေးလိမ်းခံနေရင်းကနေ Jungkook ဘာမှ မထွန့်မတတ်မိ ။ ဘာရယ်တော့ မဟုတ်ပေမဲ့ အဘွားနဲ့ အစွာလေးဆီကနေ အဆူခံရရင် သူသိပ်သဘောကျမိသည်။
''ဒီလိုဒဏ်ရာတွေ မမြင်ချင်တော့ဘူး ။ သား ၁၈နှစ်ပြည့်တုန်းက ရတဲ့ ဆုတောင်း၃ ခုထဲက နှစ်ခုပဲ သုံးရသေးတယ်မှတ်လား ။ ကျန်တဲ့တစ်ခုကို ဒီဒဏ်ရာတွေ မဖြစ်အောင် ဆုတောင်းလိုက်လေ''
''ဟင့်အင်း ။ မဆုတောင်းချင်သေးဘူး''
ခေါင်းခါပြီး ငြင်းတော့ အဘွားက အထူးအဆန်းသဖွယ်သာ ကြည့်လေသည်။
Jungkook ကိုယ်တိုင်လည်း မသိဘူး။ ဘာဖြစ်လို့များ အဲ့ဆုတောင်းကို အခုထိ မသုံးရက် ဖြစ်နေတာလည်းဆိုတာ။ သေချာပေါက်ကတော့ အစွာလေး ကြောင့် ဖြစ်ဖို့များမည်။ အဲ့ဟာလေးကသာ ''Jungkook ငါ့ကို Alpha ပုံစံ ပြောင်းပေးတော့နော်''လို့သာ ချွဲလိုက်ရင် ဒီကကောင်က ပြောင်းပေးဖို့ အဆင်သင့်။
''ခွေးကောင်လေး ဟို Omega အတွက်ပဲ ဆုတောင်းကို ဥထားပြန်တာ မှတ်လား ။ ငါ လုပ်လိုက်ရ သေတော့မယ်''
ကျောပြင်ကို အုံးခနဲ တချက်ချပြီး အဘွားက ထထွက်သွားသည်။
အဘွားက သူ့ခြေလှမ်းတွေ အကုန် ရိပ်မိနေတော့တာပဲ ။
အားလားလား ခုန အထုခံလိုက်ရတဲ့ ကျောကုန်းက နာလိုက်တာ ဆိုတာ။
နာနေသည့် ကျောကုန်းကြောင့် စုပ်သပ်မိနေတုန်း ဟယ်ယွန်းဆီက မက်ဆေ့ချ် ဝင်လာသည်။
''Taehyungie က ထမင်းစားဖို့ စောင့်နေတယ် ။ လာခဲ့လိုက်ဦး''
ဟိုနေ့က တိုက်ခိုက်ပြီးကတည်းက မေ့သွားတဲ့ အစွာလေးကို ဟယ်ယွန်းကပဲ အနီးကပ်ပြုစုပေးခဲ့တာ ။
Jungkook ကိုတော့ ဒေါသကြောင့် Alpha Pheromone အနံ့တွေ ထပ်ထုတ်မိမှာဆိုးလို့ တော်ရုံ အနားကို သိပ်အကပ်မခံ။
အခုတော့ သေချာငမ်းခွင့် အဲ သေချာအနားကပ်ခွင့် ရတော့မလားပဲ ။
YOU ARE READING
I'm not Omega ( Completed )