FINAL

29.2K 2.3K 219
                                    

''Omega လေး''

''အင်း''

''ဒီမှာ ဘယ်လောက်နေ နေမှာလည်း ''

''မင်း ရင်ခွင်ကြီးကို မရိုးမချင်း''

''ပြန်ရပါမယ် ။ ကြာကြာနေလို့ မရပါဘူး''

''ဘာလို့လည်း''

''Jeon Jungkook စိတ်ပူနေပါလိမ့်မယ်''

''မင်းကလည်း သူပဲလေ ။ အတူတူပဲ မဟုတ်ဘူးလား''

''မတူပါဘူး ။ ငါက Wolf ပါ ''

''ဘာပဲဖြစ်ဖြစ် မင်းကို သဘောကျတယ် သူ့ထက်''

ပြောမနိုင်သည့် Omega လေးက သူ့ရင်ခွင်ထဲတောင် ပိုပိုသာသာ ဝင်လာသေးသည် ။ နေရထိုင်ရ တကယ်ခတ်လာသည်။

''အိမ်မက်ထဲကနေ ပြန်ပါတော့ Omega လေး ။ ငါနဲ့ ဒီလောက်တွေ့ရ တော်ပြီပေါ့''

''မင်းက ဘာလို့ Jungkook နဲ့ မတူတာလည်း ။ Wolf သာ ဆိုတယ် ဘာမှကို တူမနေဘူး''

''ငါတို့က တူပါတယ် ။ မင်းက Jungkook ကို ဆို အမြဲတမ်း
မကောင်းမြင်လို့ပဲ ဖြစ်ပါလိမ့်မယ်''

''ငါ့လက်တွေ ရုတ်တရက် နွေးလာတယ် ဘာလို့လည်း မသိ''

''Jeon Jungkook က ဆုပ်ကိုင်ထားလို့ နေမယ်''

''ငါ့လက်တွေကို ဆုပ်ကိုင်တယ် ။ whatt တော်ကြာ လက်အိတ်မဝတ်ထားရင် သူ ဒဏ်ရာ ရသွားမှာပေါ့''

ပွစိပွစိ ရေရွတ်ရင်း မြူခိုးမြူငွေ့ကြားကို ပြေးဝင်သွားသည့် Omega ။ Wolf ကတော့ ခပ်ရေးရေးသာ ငေးကြည့်နေခဲ့သည်။

ဆုပ်ကိုင်ထားတဲ့ လက်လေးတွေ လှုပ်လာသည့်အခါ Jungkook ထခုန်မတတ်တောင် ဖြစ်သွားမိသည်။

''Omega လေး ။ နိုးလာလို့ တော်သေးတာပေါ့''

''ဘာ..လို့ ငါ့လက်ကို ကိုင်..ထားတာလည်း''

''ဆုတောင်းတာလေ ။ မင်းလေး နိုးလာဖို့''

''ရူးနေလား ။ မင်း ဒဏ်ရာတွေ
ဖြစ်ကုန်မှာပေါ့''

ဆူအောင့်အောင့်လေး ပြောပြီး လက်ကို ဆက်ကနဲ ဆောင့်ရုန်းသည်။

Jungkook ကတော့ သဘောတကျ ပြုံးသာ ကြည့်နေလေသည်။

''ဘာတွေ ဖြစ်သွားတာလည်း''

I'm not Omega ( Completed )Место, где живут истории. Откройте их для себя