~4~

18.2K 2.2K 272
                                    

မှန်ထဲမှာ သိသာနေသည့် သူ့ ခါးသွယ်သွယ် ။ လက်နှင့်ထိကြည့်ပြီး ဒေါသတွေ ထွက်နေမိသည် ။

''အရင်က ငါ့ခါးတွေက ဒီလို မဟုတ်ဘူး ချီးတဲ့မှ ''

Omega ဆိုတာကြီးကို ပါးစပ်က မထွက်ချင်လောက်အောင်ကို Taehyung သိပ်မုန်းတီးနေမိတာ ။

တစ်ညလုံး မျက်တွင်းဟောက်ပတ်ဖြစ်အောင်အထိ လုပ်ထားခဲ့တဲ့ Project ကို ထိကိုင်ကြည့်ရင်း ပုခုံးပေါ်မှ တာဝန်တစ်ခု ပေါ့ပါးသွားသလို ခံစားရသည်။

''ဟေး မင်းလိုချင်တဲ့ project design လာယူ''

တစ်ဖက်လူ ဆက်ပြောမည်ကို နားမထောင်ပဲ ဖုန်းကို လွှင့်ပစ်ကာ ကုတင်ပေါ် စိတ်လွတ်ကိုယ်လွတ် လှဲချပစ်လိုက်သည်။

ထိုအခိုက် အလိုက်မသိစွာ ရောက်သွားသည့် သူ့မျက်လုံးတွေက နံရံပေါ်က sticky note လေး ။

''ခြေထောက်ကို ဆေးပုံမှန်မထည့်လျှင် ဒဏ်ရာမပျောက်ပါ ''

အချုပ်ထဲထိ ဂရုတစိုက်လာပို့တုန်းက ဆေးတွေနဲ့အတူ ပါလာတဲ့ note လေး။

ဘယ်သူမှန်းမသိပေမဲ့ ရေရေလည်လည် ကျေးဇူးတင်မိသည်။

ဘာရယ်မဟုတ် note ထဲက စာအတိုင်း ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီးအသစ်လဲလိုက်သည် ။

''အင်း ။ မှဲ့လေးနဲ့ တွေ့ဖို့ပဲ
ကျန်တော့မယ် ''

သတ်မှတ်ချိန် ၊ သတ်မှတ်နေရာကို လိုတာထပ် ပိုစောပြီး Taehyung ရောက်နှင့်နေမိသည် ။ သို့ပေမယ့်လည်း မယုံနိုင်စွာပဲ ထိုလူက ကိုယ့်ထက် ကြိုရောက်နေရော ။

ထိုလူကို မြင်နေရသဖြင့် လောင်းကြေးအရ နိုင်သွားပြီဖြစ်ရာ လျှောက်နေသည့် ခြေလှမ်းများကအစ မြှောက်ကြွမြှောက်ကြွ ။

''ဟေး ငါမင်းကို တွေ့နေရတယ်နော် ဒီနေ့လည်း ''

''လူမှားနေတယ်''

အနက်ရောင် ဦးထုပ်အဝိုင်းအောက်က အငြင်းဝါကျ ။ Taehyung မျက်မှောင်တို့ တွန့်ချိုးမိသွားသည် ။

နှုတ်ခမ်းအောက်က အဲ့ဒီမှဲ့က
မှားစရာအကြောင်း တစက်မှမရှိ။

''ဘာကိစ္စ ငါက လူမှားရမှာလည်း''

''မင်းက ငါ့ကို ဘယ်နှခါများ မြင်ဖူးလို့လည်း ''

I'm not Omega ( Completed )Where stories live. Discover now