~5~

17.8K 2.2K 289
                                    

လက်ခုံပေါ်မှ ဒဏ်ရာတွေကို ဆေးလိမ်းနေတုန်း အဘွားက အတင်းဝင်လုပြီး လိမ်းပေးသည်။ ပါးစပ်မှလည်း တဗျစ်တောက်တောက်ဖြင့် ။

''ဟို လူသားကောင်လေးနဲ့ ထိလာပြန်ပြီလား ။ လက်အိတ်ဝတ်လို့ ဒီလောက် အတန်တန်မှာထားတဲ့ကြားက စကားနားမထောင်ပြန်ဘူး ။ ဒီလိုနဲ့ မင်းသက်တမ်းက လုံးဝလျော့တော့မှာ သိရဲ့လား ကောင်စုတ်လေးရဲ့ ''

အဘွားဆူနေသည်ကို Jungkook က ပြုံးပြီးကြည့်နေတော့ အဘွားက မျက်စောင်းထိုးလာသည် ။ ထိုမျက်စောင်းသည် အရာရာခွင့်လွှတ်တယ်ဆိုသည့် မျက်စောင်းမျိုး ။

''ဒီကောင်စုတ်လေးတော့နော် ။ မျက်နှာတွေမှာရော ဒဏ်ရာတွေ
ဖြစ်နေတာ ကြည့်စမ်း''

ဘယ်ဘက်ပါးက အဲ့ဒဏ်ရာက မနေ့က ဟိုငမူး ငရစ် Omega လေးနဲ့ ထိမိလို့ ။ အိမ်ထိ ကျောပိုးသွားရင်း သူ့နဖူးနဲ့ ဒီလူ့ ပါးပြင်ထိမိရောလေ ။

ငရစ်လေးက လှုပ်တုတ်တုတ်နဲ့ ကျောပေါ်မှာ တချက်လေးတောင် မငြိမ်ဘူး။

''ကျွီ''

ရာစုနှစ်ပေါင်းများစွာမှာ ပထမဆုံး ခြံတံခါး တွန်းဖွင့်သံကို ကြားလိုက်ရသဖြင့် အဘွားကတော့ အကြီးအကျယ်တုန်လှုပ်သွားသည် ။

''သားလေး ဘာဖြစ်တာလည်း သွားကြည့်စမ်းပါ ။ သားလေးကိုများ ဒုက္ခလာပေးကြတာများလား မသိ ''

အဘွားက သူ့ကို သိပ်စိတ်ပူတာ ။ သတ်ချင်နေတဲ့လူတွေက များမှများကို။

သို့ပေမဲ့ Jungkook ကတော့ သိပ်တုန်လှုပ်ဟန်မရှိ ။ ခြံတံခါးဖွင့်တဲ့လူကို သိနေသည်လေ ။

''ဟိုလူ တံခါးလာဖွင့်စမ်း ။ ဘယ့်နှယ့်ဗျာ ဧည့်သည်ကို တံခါးပိတ်ရက်ကြီးနဲ့ ကြိုဆိုတယ်တဲ့ ။ အမောကိုဆို့သွားရော ''

လူက မရောက်သေး အသံစွာစွာလေးက အရင်ရောက်သည် ။

အဘွားပေးသည့် လက်အိတ်ကို ခပ်သွက်သွက်စွပ်ပြီး အောက်ထပ်ပြေးဆင်းမိသည် ။ တံခါးဝနားရောက်ကာမှ ကိုယ်ရှိန်ကို သတ်ကာ အခုမှ စာဖတ်ရင်း တံခါးလာဖွင့်ရသည့် စတိုင်မျိုး ချိုးထားသည် ။

အပေါ်ထပ်ကနေ သေမလို ပြေးဆင်းလာတဲ့ ပုံစံကို မမြင်စေချင်တာမို့ ။

I'm not Omega ( Completed )Where stories live. Discover now