~7~

16.1K 2K 349
                                    

''ငါတို့ ဘယ်တော့ မြေးချီရမလည်း Taehyung ''

ဖုန်းထဲက ဟိန်းခနဲ ထွက်လာသည့် အဖေဖြစ်သူ၏ အသံကြောင့် Taehyung ခေါင်းကုတ်မိသည် ။

တစ်လတစ်ခါ လစာထဲက နည်းနည်းလောက်ကို မိဘဆီ ထောက်ပံ့တတ်ပေမဲ့ အခုလို Omega ပုံစံကြောင့် ဒီတစ်ခေါက်တော့ လူကိုယ်တိုင်ကိုယ်ကျ သွားမပေးမိ။

အဲ့ဒါကို အဖေက မပြန်လာရကောင်းလားဆိုပြီး ရစ်ပါတော့၏။

ရစ်တာက ကိစ္စမရှိ မြေးချီချင်လို့ ဂျီကျတာကများလွန်း၍ ပို၍ ခေါင်းရှုပ်ရသည်။

''သားလေး မေမေတို့ဘက်လည်း ကြည့်ပါဦးကွယ် ။ လင်မယားနှစ်ယောက်ထဲ နေရတာ ပျင်းရောပေါ့ ။ မြေးလိုချင်တယ် ''

မြေးလိုချင်ကြောင်း
ဖုန်းကိုပင် လုပြောနေကြသည်။

''ဟယ်ယွန်းနဲ့ရော ဘယ်လိုလည်း အခြေအနေက ။ ပြော အဖေတို့
စေ့စပ်ဖို့ စီစဥ်လိုက်ရတော့မလား''

သူ ဟယ်ယွန်းကို ကြိတ်ကြိုက်နေတာ သိသည်မို့ အဖေက တမင်စနေခြင်း။

''ဟုတ်ပါ့ ဟယ်ယွန်းလေးက အခု Tarko မြို့ကို ရောက်နေပြီဆို ။ အခြေအနေက ဘယ်လိုလည်း အမေ့ကိုပြော ''

''ဟာဗျာ ။ တော်ကြပါတော့ ။ ကြားသွားရင် မကောင်းဘူးကို ''

ထိုသို့ ပြောပြီး ဖုန်းတန်းချပစ်လိုက်သည် ။ စိတ်ဆိုးသွားပြီထင်ပြီး အဖေ တို့ဘက်က ဖုန်းထပ်ဆက်မှာ မဟုတ် ။ အဲ့ဒီအစား ဟင်းဗူးလေးတွေပဲ ပါဆယ်နှင့် ရောက်လာလိမ့်မည် ။ အဖေတို့က သိပ်ဆိုးလွန်းသည့် သားဖြစ်သူကို အဲ့ဒီလိုသာ ချော့ပါသည်လေ ။

စိတ်ပြေလက်ပျောက် Instagram ဖွင့်ကြည့်တော့ Media တစ်ခုကနေ တက်လာတဲ့ သတင်းက ...

''လီဟယ်ယွန်းကို တက်သစ်စ Actor တစ်ယောက်က sexual harassment ပြု၍ ပန်းအိုးဖြင့် ခေါင်းကို ရိုက်ပစ်ရာ Actor ဘက်မှ မိသားစုက အတိအလင်း တရားစွဲဆို''

ဆက်ကြည့်နေတော့ ဆက်တိုက်တက်လာတာက အဲ့ Actor ရဲ့ interview video တွေ။ သူ့ဘက်ကနေ လုံးဝ sexual harassment မလုပ်ကြောင်း ၊ ဟယ်ယွန်းဘက်ကနေ တမင် ဘလိုင်းကြီး ပန်းအိုးနှင့် ခေါင်းကို ရိုက်ခွဲတာဖြစ်ကြောင်း သောက်ပိုတွေ ပြောထားသည်။

I'm not Omega ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin