~8~ [Unicode]

17.9K 2K 418
                                    

''စည်းကမ်းနံပါတ် ၂ ။ ကိုယ်မဟုတ်ပဲ ဒီနှုတ်ခမ်းလေးက တခြားသူတွေကို ပြုံးပြခွင့်မရှိဘူး ''

''စည်းကမ်းဆိုတာက''

''လိုက်နာရမယ်လေ''

''ဟုတ်ပြီ မင်းစည်းကမ်းကို လိုက်နာမယ် ။ အပြန်အလှန်အနေနဲ့ ငါတောင်းဆိုတာ လုပ်ပေး''

''ကိုယ်တို့က ဘယ်တုန်းက အလျော့ပေးဖူးလို့လည်း အပေးအယူနဲ့ပဲ သွားကြတာပေါ့ ''

မှဲ့လေးက ပါးစောင်ကို လျှာဖြင့်
ထိုးကလိရင်း အဖြေပြုသည်။

ဟုတ်သည် ။ သူတို့နှစ်ယောက်ဟာ မဆုံနိုင်တဲ့ မျဥ်းတွေလို အပေးအယူကိုယ်စီနဲ့ ။

''မင်း လူတစ်ယောက်စီ လိုက်ခဲ့ပေး''

''ဘာခက်တာမှတ်လို့''

''ကိုယ်ပျောက်နေလို့မရဘူး ။ ပုံစံအစစ်အမှန်နဲ့ လိုက်ခဲ့ရမှာ''

''မဖြစ်ဘူး''

ချက်ချင်း တုန်လှုပ်စွာ
ငြင်းပယ်လိုက်သည့် Alpha ။

''ကိုယ် လူကြားထဲ မထွက်ချင်ဘူး''

တုန်ယင်နေသည့် အသံက
အကြောက်တရား၏ အတိုင်းအတာကို ဖော်ပြသည်။

လူတိုင်း ကြောက်ရွံ့တတ်တာကို သူမေ့တော့မလို့ ။ သူက Omega ဖြစ်ရမှာ ကြောက်သလို မှဲ့လေးက လူကြားထဲ တိုးဝှေ့ရမှာ ကြောက်သည် ။ ဘယ်သူမှ perfect ဖြစ်မနေဘူးဆိုတာကို အခုမှ သူလုံးဝ ယုံသွားမိ၏ ။

သို့ပေမယ့် သူ့မှာ Alpha ကို သိမ်းသွင်းနိုင်သည့် လက်နက်ရှိသည် ။ဝှက်ထားသည့် လက်သည်းလေးတွေလို အခုမှ ထိုအချင်းအရာလေးများက အသုံးဝင်လာသည်။

''ဟေး မင်းရဲ့ မျက်လုံးလေးတွေက''

Alpha အော်လည်း အော်ချင်စရာ ။ အဘယ်သို့ဆို Omega လေးဟာ သူ့လက်နက်မျက်လုံးဝိုင်းလေးများဖြင့် Alpha ကို ရစ်မူးသွားအောင် စိုက်ကြည့်နေပါသောကြောင့် ။

''ဒီတစ်ခါ ခရမ်းနုရောင်လေးပါလား''

''မင်း လိုက်မယ်မှတ်လား.. ဟင်.. ''

အသံလေးကို ဆွဲငင်ကာ တမင်ပြော၏။ ဒီလိုပြောရင် ဒီလူ ရူးခါသွားမယ်ဆိုတာလည်း အစွာလေးက ကောင်းကောင်းကြီး သိသည်။

I'm not Omega ( Completed )Donde viven las historias. Descúbrelo ahora