''ရား! Jeon Jungkook ငါ အိမ်သာ တက်မလို့ဟ ။ ဖယ်စမ်းပါဦး''
ခေါင်းကနေ တွန်းသော်လည်း
ဗလကြီးက နည်းနည်းမှ ရွေ့မသွား ။ Taehyung ရဲ့ ပုခုံးကို အနောက်ကနေ မေးတင်ပြီး မှီနေဆဲပဲ ။''ဖယ်လို့ ပြောနေတယ်လေ''
အော်လို့ အသံသာဝင်သွားမည် ။
ပုခုံးပေါ်က Alpha က မျက်လုံးလေးပဲ ပြူးကြည့်နေတာ ။ မသိရင် အပြစ်ကင်းစင်တဲ့ Alpha လေးပါပေါ့။Taehyung ကိုယ့်လည်ပင်းကိုသာ ပြန်ညှစ်ပစ်လိုက်ချင်တော့သည် ။ ပြဿနာရဲ့ အစက သူမှသူ ။ ဒီAlpha ကိုမှ ''ငါနဲ့ အဝေးမှာ မနေပါနဲ့'' လို့ သွားပြောမိတာကို ။
စကားနားထောင်ချက်က ဘယ်လိုတောင် အဝေးမှာ မနေလည်းဆိုရင် အိမ်သာတောင် ကောင်းကောင်း မတက်ရတဲ့အထိပဲ။ ပုခုံးပေါ် မေးကြီးတင်ပြီး တစ်ချိန်လုံး ကပ်တွယ်နေပုံက မုန်းစရာကြီး ။
''ရား! ငါ သေးထွက်ကျတော့မှာနော် ။ မဖယ်ရင် ဒီနေရာမှာပဲ ပေါက်ပစ်မယ်။ Kim Taehyung များ ဘာမှတ်နေ''
ဘောင်းဘီဇစ်တွေပါ ဖြုတ်သလို ဟန်လုပ်ပြတော့ ထို Alpha နည်းနည်းရှိန်သွားသည်ထင် ။ ပုခုံးပေါ် တင်ထားတဲ့ သူ့မေးစေ့ကို ဖယ်ပေးသည်။ပြီးတော့ ပြောသေးတာက
''မြန်မြန်လာခဲ့နော် ကိုယ့်မှာ
အန္တရာယ်တွေက ဝိုင်းနေတာ''ဂါး! ဒီဟာက True Blood Alpha တဲ့ဟေး ။ သူ့ထက် အားနည်းတဲ့ Omega ကို ချွဲနေပုံက ။ အင်း ၊ သောက်ရမ်း ချစ်စရာကောင်းနေလို့နော် ။ မဟုတ်ရင် လက်သီးစာကျွေးပစ်မှာ ။
အစက အပေါ့သွားတာပါပဲ ။ Alpha ကို အမြင်ကပ်လို့ အီးပါ ပါနေလိုက်တယ် ။ အလွန်ဆုံး တစ်နာရီလောက် ကြာမှ အိမ်သာထဲက ထွက်လာလိုက်သည်။ သူ မရှိတဲ့ တစ်နာရီအတွင်း ကမ္ဘာပျက်နေမည့် Alpha ရဲ့ ပုံစံကို မြင်ချင်စမ်းပါဘိ ။
''Omega လေး''
အသံလာရာ ကြည့်လိုက်တော့ ကမ္ဘာပျက်သွားရတာ သူ ။ ဆိုဖာပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ မိဘတွေကို ဗြုန်းခနဲ တွေ့လိုက်ရတာကို ။
Jungkook က အိမ်ရှင်လိုမျိုး စားစရာတွေနှင့် အချိုရည်တွေပါ သေချာ ချပေးနေသည် ။ ပြီးနောက် တချက်ပြုံးကာ Taehyung ကို သူ့ဘေးနား ဝင်ထိုင်စေသည် ။
KAMU SEDANG MEMBACA
I'm not Omega ( Completed )