နားထဲ ကြားနေရသည့် classic ဂီတသံ ခပ်လွင့်လွင့် ။ ဖုန်းကို bluetooth နှင့်ချိတ်ပြီး ဖွင့်ထားတာ ဖြစ်မည်။
''Omega လေး''
သူ ခေါ်ပေမဲ့ ပြန်ထူးသံမကြား ။ သုံးလေးခွန်းလောက် တရစပ် ခေါ်ပစ်လိုက်တော့ ဘေးနား လာရပ်သည်။
''ဘာလို့ အဲ့လောက် ခေါ်နေတာလည်း''
ဝတ်ထားတာ ရှပ်အကျီအဖြူအရှည်နှင့် ပေါင်ပေါ်နေသည့် အညိုရောင် ဘောင်းဘီတို ။
''ကိုယ့်ကို ဆေးတိုက်နိုင်မလား ။ တစ်ကိုယ်လုံး ညောင်းကိုက်နေလို့ ''
''ပြောတော့ အနာခံမှ အသာစံရမယ်လေး ဘာလေးနဲ့''
ကိုယ့်စကားနှင့်ကိုယ် ပြန်အဖဲ့ခံရသည်။ ပါးစပ်က ပွစိပွစိ ပြောနေပေမဲ့ ဆေးအချို့ကိုတော့ သူ့လက်ခုပ်ထဲ ထည့်ပေးရှာသည် ။ ရေခွက်ကိုလည်း ဂရုတစိုက် ကမ်းပေးသည် ။ အသားချင်း မထိအောင် အစွာလေးက အတော်သတိထားနေပုံပေါ်သည် ။
''လက်လေးထိရုံနဲ့ ဘာမှမဖြစ်ဘူး''
''ဘာကို''
''ကိုယ့်လက်လေး ထိမိတာနဲ့ ဘာမှမဖြစ်ဘူးလို့ ။ ဒဏ်ရာတွေက အပျောက်မြန်ပါတယ် ။ ကိုယ့်ကို ဂရုစိုက်တာလေး လျော့ပါဦး''
''အော်ဟော် ငါက မင်းကို ဂရုမစိုက်ပါဘူးနော်''
နှုတ်ခမ်းတွေ မဲ့ရွဲ့ပြီး တံခါးကို စောင့်ပိတ်ကာ အခန်းထဲက ထွက်ချသွားသည်။
ဘယ်လိုလေးပါလိမ့် ။
Jungkook ခေါင်းတစ်ခါခါနဲ့သာ ရီမိတော့၏။
တစ်ယောက်သော အစွာလေးကြောင့်လားမသိ သူ့ မနက်ခင်းလေးက သိပ်ကို ချစ်စရာကောင်းလွန်းနေခဲ့သည် ။
''အရူး ငါကများ သူ့ကို ဂရုစိုက်တယ်တဲ့ မွေးခါစကလေး သွားမေးရင်တောင် မဟုတ်မှန်းအသိသာကြီး''
သူ့ အဘိဓာန်မှာ သူစိမ်းတစ်ယောက်ကို ဂရုစိုက်ပေးခြင်းဆိုတာမျိုး မရှိခဲ့ဘူးတော့ Alpha ရဲ့ ခုန စကားက သိပ်ခံရခတ်နေခဲ့သည် ။
မာနကို လာထိပါးတော့ ပိုဆိုးသည်။
တွေးရင်းတွေးရင်း လက်ထဲက ပန်းကန်ကို တစစီ ခွဲပစ်ချင်လာသည် ။ အသစ်ထပ်ဝယ်ရမှာ ပျင်းနေလို့သာ မလုပ်ဖြစ်တာ ။
STAI LEGGENDO
I'm not Omega ( Completed )