နိုးနိုးချင်း အိပ်ယာဘေးကို အမိအရစမ်းတော့ လစ်လပ်နေသည့် အထိအတွေ့တစ်ခု ။
မနေ့က Omega လေးက သူ့ပါးပြင်နှစ်ဖက်ကို လက်ဖြင့် အုပ်မိုးပြီး ထိကိုင်ထားတာမို့ လူသားနှင့် ထိတွေ့လို့မရသည့် သူ့မှာ ပါးပြင်နှစ်ခုလုံးက စပ်ဖျင်းဖျင်း ။
မျက်လုံးပါ ထိခံထားရသည်ထင် စပ်ဖျင်းဖျင်း မျက်လုံးနှစ်ဖက်ကို မနည်းအားယူဖွင့်ရသည် ။
တကယ်ပဲ အိပ်ယာဘေးမှာ Omega လေးက ရှိမနေဘူးပဲ ။
''လုပ်ချင်ရာလုပ်ပြီး အခုမှ ငါ့ကို လာရှာနေတာလား''
''fuck! လန့်လိုက်တာ''
Jungkook အမှန်တကယ်ပင် လန့်သွားခြင်း ။ ဘယ့်နှယ့် သူ့နောက်ကျောဘက်မှာ အသံမပေး ဘာမပေးနဲ့ ငုတ်တုတ်ကြီး ထိုင်နေရတယ်လို့ ။
''နိုးနေတာကြာပြီလား Omega လေး''
''ချီးပဲ နိုးလို့ထိုင်နေတာလေကွာ''
''ချီး'' ဆိုတဲ့ စကားလေးကို သုံးနှုန်းပုံအရ အခြေအနေက သိပ်မကောင်းတော့ ။ အစွာလေးတစ်ယောက် စောစောစီးစီး ဒေါသဗုံးကျဲနေပြီထင်။ အမှားလုပ်ထားသည့် Alpha မှာ မျက်နှာငယ်လေးသာ လုပ်ထားရသည်။
''Jeon Jungkook ငါ့လည်ပင်းက ဒီအမှတ်က ဘာလဲပြော''
mark ထားသည့် လည်ပင်းမှ အကွက်ကြီးကို မြင်သာအောင် ခေါင်းကိုစောင်းပြီး လက်ညှိုးထိုးပြသည်။
''ဘာကိစ္စ ငါ့ကို mark ရတာလည်း''
''တခြား Alpha လက်ထဲ မင်းကို မထည့်နိုင်လို့လေ''
''ဘာ!''
''ဟုတ်တယ် အဲ့ Alpha တွေက ငါ့လို မင်းအတွက် အစစအရာရာ တွေးပေးမှာမဟုတ်ဘူး ။ Alpha tone နဲ့ လည်း မင်းကို အော်နိုင်သလို Pheromone အနံ့နဲ့လည်း မင်းကို လွှမ်းမိုးပြီး တစ်ခုခု လုပ်ပစ်နိုင်တယ်။ ဒီကောင်ကတော့ မင်းကြောင့် အကုန်ထိန်းချုပ်ထားရတာ ။ မင်းလို Omega လေးကို မျက်နှာလေး တချက်တောင် မပျက်စေချင်လို့လေ''
Alpha ရဲ့ အပြောအပြီး Omega လေးရဲ့ ဒေါသက တဝက်လောက် ပြေလုနီးပြီ။
''မျက်နှာတချက်မပျက်စေချင်ဘူး ပြောပြီး ဘာကိစ္စ ငါ့ကို မနေ့က နာအောင်လုပ်လည်း''
ŞİMDİ OKUDUĞUN
I'm not Omega ( Completed )