~11~

16.9K 2K 196
                                    

Jungkook မအိပ်ချင်သေး၍ ဘာရယ်မဟုတ် ဝတ္တုစာအုပ်တစ်ခု ကောက်ဖတ်နေတုန်း မထင်မှတ်ပဲ ကြားလိုက်ရသည့် အသံ ။

အဲ့အသံက အမှန်တော့ သူ့နာမည်ကို သီချင်းလုပ်ဆိုနေသည့် အသံပင် ။

*ဂျောင်ဂျောင် ကုကုကူးကူးကူးကူး
ဂျောင်ဂျောင်ဂျောင်ဂျောင်
ဂျောင်ဂျောင်ဂျောင်ဂျောင်
ကုကုကူးကူးကု*

(taekook moment
from in the soop 2)

ဘယ်က အသံပါလိမ့်!

ကုတင်ပေါ်ကထပြီး ဘေးဘီပင် ဝဲရှာကြည့်လိုက်သေးသည် ။ ဘယ်သူမှ ရှိမနေခဲ့ ။

*ဂျောင်ဂျောင် ကုကု ။
ရား! ဂျွန်ဂျောင်ကု *

ဒီအော်သံ စူးစူးလေးက မှားစရာမရှိ ။ မဟုတ်မှ Omega လေးက သူ့ကို စိတ်ထဲကနေတဆင့် ။

*Omega လေး ဘာဖြစ်လို့လည်း*

*ဂျောင်ဂျောင် ကူးကူး
ငါ့ကို လာခေါ်စမ်း*

အစွာလေးက မူးနေပုံရသည် ။ ဒါတောင် စကားပြောရင် မာန်ကမလျော့ မာနလေးက မိုးထိတုန်း ။

*ဘယ်နားမှာလည်း မင်းက*

*မူးနေတာတောင် မသိဘူးလား ။ အရက်ဆိုင်မှာပေါ့ကွ*

ငိ! ပိတ်ကို ဟောက်နေတော့တာပဲ ။ Jungkook ဇက်လေးပင် ပုဝင်သွားသည် ။ သူလည်း စိတ်ရှည်တတ်တာမျိုး မဟုတ်ပေမဲ့ ဒီ Omega လေးမို့လို့သာ ။

*အရက်ဆိုင်တော့ ဟုတ်တယ်လေ ။ ဘယ်နားမှာလည်း ပြောမှ ကိုယ်က လာခေါ်လို့ ရမှာလေ*

*ရား! မင်းရဲ့ စွမ်းအားတွေ
သုံးလိုက်လေ ။ အာပလာကြီးလား
သုံးမရဘူးလား*

သူ လိုချင်တဲ့အဖြေကို မပြောပဲ ငမူးလေးက အတင်းရစ်နေသည် ။ Jungkook ခေါင်းတွေကိုသာ တဗြင်းဗြင်းကုတ်ရင်း ရူးပါရူးချင်လာသည်။

စွမ်းအားက GPS မှ မဟုတ်တာ ။ သွားရှင်းပြနေရင်လည်း အအော်ခံရဦးမည်။

*ကိုယ့်စွမ်းအားက အာပလာကြီးမို့လေ ။ အဲ့တာကြောင့် နေရာလေး ပြောပြနော်*

*နော်က ဘာလည်း အလကား လူကို ကြက်သီးထအောင် ။ မီးပွိုင့်နားက အရက်ဆိုင်ကွာ*

*ကိုယ်အခုချက်ချင်းလာခဲ့မယ်*

*မလာရင် ငါ့အရင် ဇယားလေးတွေထဲက တစ်ယောက်ကို ဖုန်းဆက်မယ်*

I'm not Omega ( Completed )Donde viven las historias. Descúbrelo ahora