နတ်ဘုရားကတဲ့ကြိုး
Part-1 (Unicode)နေရောင်ခြည်နုနုကလေးက ထိုက်ယန်ပြည်၏ နန်းတော်ပေါ်သို့ နွေးထွေးစွာကျရောက်နေလေသည်။ အချိန်ကား မနက်၈နာရီ ဝန်းကျင်ရှိတော့မည် ညီလာခံကျင်းပရာနေရာမှာ မူးမတ်အပေါင်းတို့ စုရုံးကာရောက်ရှိနေပြီဖြစ်သည်။
ချုံယန်ဘုရင်လက်ထက်မှစပြီး ချုံမင်းဆက်မင်းဆက်ကို စတင်တည်ထောင်ပြီး ထိုက်ယန်နိုင်ငံကို ထူထောင်ခဲ့တာ ယခုဆိုလျှင် ခုနှစ်ဆက်မြောက် ချုံဘုရင် ချုံချင်လက်ထက်ကိုပင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စတည်တည်ထောင်ခဲ့စဉ်အချိန်မှ စတင်ပြီး နေမင်း၏အင်ပါယာကဲ့သို့ ထိုက်ယန်ပြည်ကြီး တိုးတက်ကြီးပွားလာခဲ့သည်မှာ မယုံနိုင်စရာပင်ကောင်းလှသည်။ တိုင်းသူပြည်သားတို့ စီးပွားရေး ကောင်းမွန်ပြီး အစစအရာရာ စည်ပင်သာယာဝပြောလှသည်။
ထိုက်ယန်ပြည်ကို ချုံဘုရင့်မျိုးနွယ်တို့က ဦးဆောင်အုပ်ချုပ်ပြီး ချန်၊မင်၊ကောင်း၊ယွဲ့ ဆိုသည့် မျိုးနွယ်ကြီး လေးခုက ဘုရင်ကို အထောက်အပံ့ပေးကြသည်။
ချန်မျိုးနွယ်သည် အင်အားအကြီးဆုံးဖြစ်သည်နှင့်အတူ နိုင်ငံ၏ အရေးပါသော စစ်တပ်ကို အုပ်ချုပ်သည့် စစ်သူကြီးပေါင်းမြောက်များစွာ ထွက်ပေါ်သည့် မျိုးနွယ်တစ်ခုပင်ဖြစ်သည်။ ဘုရင်က အထူးပင် လေးစားအားထား မြှောက်စားရသော မျိုးနွယ်ဆိုလျှင်လည်းမမှားပါ။
မင်မျိုးနွယ်ကတော့ တရားစီရင်ရေးအပိုင်းကို အများဆုံးတာဝန်ယူပြီး နိုင်ငံ၏အတော်ဆုံးသော တရားစီရင်ရေးအမတ်တွေကို မွေးထုတ်ပေးနိုင်သည့် မျိုးနွယ်ဖြစ်လာသည်။
ကောင်းမျိုးနွယ်ကတော့ ကူးသန်းရောင်းဝယ်ရေးကို အဓိကထားလုပ်ဆောင်သော မျိုးနွယ်တွေဖြစ်ကြပြီး နိုင်ငံ၏ဘဏ္ဍာရေး ကိစ္စ အရာရာအားလုံးကို စီမဲခန့်ခွဲကြသော မျိုးနွယ်ဖြစ်သည်။
ယွဲ့မျိုးနွယ်ကတော့ စာပေဂီတ အနုသုခမပညာရပ်တွေမှာ တစ်ဖက်ကမ်းခတ် ထူးချွန်ပြောင်မြောက်သူတွေဖြစ်ပြီး နိုင်ငံ၏ ယဉ်ကျေးမှုဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြသည်။
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜