နတ်ဘုရားကတဲ့ကြိုး
Part-3 (Unicode)မိန်းမပျိုလေးနှစ်ယောက်က တစ်ယောက်က ရေဖလားကိုကိုင်ကာ တစ်ယောက်က အဝတ်အထည်တို့ကိုကိုင်ဆောင်ရင်း ချန်အိမ်တော်၏ ပင်မဆောင်ကြီးဘေးက အခန်းဆီသို့ သွားနေကြလေသည်။ အခန်းဝသို့ ရောက်လျှင် တံခါးများပိတ်ထားဆဲဖြစ်သောကြောင့် မိန်းမပျိုလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ရင်း "သခင်လေး...သခင်လေး... အိပ်ယာထသင့်ပါပြီ"ဆိုပြီး ရေဖလားကို ကိုင်ဆောင်ထားသော မိန်းမပျိုလေးက အသံပြုလိုက်လေသည်။
မိနစ်အနည်းငယ်ကြာတဲ့အချိန်ထိ အထဲက ဘာလုပ်ရှားမှု အသံကိုမှ မကြားသည်မို့ စေ့ထားသော တံခါးကို တွန်းဖွင့်လိုက်တော့ တံခါးက အသာအယာပဲပွင့်သွားလေသည်။ အခန်းထဲသို့ ရောက်လျှင် အိပ်ယာပေါ်မှာ သခင်လေးကိုမတွေ့ရပဲ အိပ်ယာကိုသာ သေချာခေါက်သိမ်းထားသည်ကို တွေ့လိုက်ရလျှင် မိန်းမပျိုနှစ်ဦး လန့်ဖြန့်သွားပြီး အခန်းပြင်သို့ ပြေးထွက်ကာ "သခင်လေး အပြင်ကို ခိုးထွက်သွားပြီ လိုက်ရှာကြပါဦး"ဆိုပြီး အော်ကြလေသည်။
အိမ်တော်၏ အနောက်ဖက် သေတ္တာပုံးတွေ ထားရာနေရာမှ လှေကားဖြင့် အုတ်နံရံကို ကျော်တက်ရင်း သူ အိမ်တော် အပြင်ဖက်သို့ ခုန်ဆင်းခဲ့လေသည်။ ချန်အိမ်တော် အပြင်ဖက်သို့ ရောက်လျှင် သူညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း မြို့၏ဈေးတန်းရှိရာသို့ ပြေးထွက်လာခဲ့မိသည်။ ဒီအချိန်ဆို သူ့အစေခံများဖြစ်ကြသည့် ရှင်းအာနှင့် ချင်းအာတို့ သူ့ကို ခေါင်းမီးတောက်အောင် ချန်အိမ်တော်ထဲမှာ လိုက်ရှာနေမည်မှာ အမှန်ပါပဲ။
သူ့နာမည်က ချန်ကျင်းလီ...ချန်မျိုးနွယ်အုပ်စု၏ တစ်ဦးတည်းသောသား... ချန်အိမ်တော်၏ မျိုးဆက်မို့ အဖေက သူ့အပေါ် အရမ်းစည်းကမ်းကြီးပါသည်။ သူအိမ်တော်ထဲမှာပဲ သိုင်းပညာတွေသင်ပြီး သူ့ဘဝကို တစ်သက်လုံးမနေသွားနိုင်ပါ။ လွန်ခဲ့သော ရက်ပိုင်းကမှ အသက်၁၈နှစ်ပြည့်ထားပြီမို့ သူသည်လူကြီးတစ်ယောက် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။ လူကြီး တစ်ယောက်ဆိုမှတော့ သူ့မှာ သူ့ကိုယ်ပိုင် လွတ်လပ်ခွင့်တော့ရှိရမည်လေ။ တစ်သက်လုံး ချန်အိမ်တော်ထဲမှာပဲ နေသွားဖို့က မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မဟုတ်လား...
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜