နတ်ဘုရားကတဲ့ကြိုး
Part-4(Unicode )ပြဿနာရှာပြီး ကြောက်အားလန့်အားနဲ့သာ တွန်းပြေးလာတာ ပြေးနေရင်း အနောက်ကိုလှည့်ကြည့်မိတော့ အနောက်ကနေ လိုက်လာသည့်လူမရှိတာသိမှ သူပြေးနေရာမှ ရပ်လိုက်ရင်း အသက်ကို ဝဝရှုမိသည်။ တော်သေးတယ် သူ့ကို မမိလိုက်လို့ အကယ်၍များ ဖမ်းမိပြီး ထိုသူက သူ့ကိုရုံးတော်ပို့တာမျိုးများလုပ်လိုက်ရင် အိမ်ရောက်လျှင် အခုလို ခိုးထွက်လာသည့်အပြစ်ပါပေါင်းပြီး အဖေက အပြစ်ပေးမှာအသေအချာပါပဲ။
အခုတော့ နောက်က လိုက်လာသူမရှိတာသေချာပြီမို့ သူအင်္ကျီအဝတ်အစားကို သပ်ရပ်အောင်ပြင်လိုက်ရင်း ဟန်ပါပါလျှောက်လာမိသည်။ ဒီနေ့တော့ မြို့လည်မှာရှိတဲ့ နာမည်ကြီးစားသောက်ဆိုင်မှာ ပုံပြောကောင်းတဲ့ ပုံပြောဆရာတစ်ယောက်ရောက်နေသည်တဲ့။ ဇာမဏီနတ်စောင်းအကြောင်း ပြောပြမယ်ကြားတော့ သူအရမ်းစိတ်ဝင်စားသွားပြီး အခုလို ခိုးထွက်လာရခြင်းပင်ဖြစ်သည်။
မင်းနေပြည်တော်မြို့တစ်မြို့လုံး စိတ်ဝင်စားသောအကြောင်းအရာဖြစ်သည်နှင့်တူသည် သူဆိုင်ကိုရောက်သွားတော့ ထိုင်စရာနေရာတောင် မကျန်တော့ပဲ ဆိုင်ထဲမှာ လူတွေကြိတ်ကြိတ်တိုးနေသည်။ ဆိုင်အတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်ရင်း ထိုင်စရာနေရာမရှိတော့မှန်းသိတော့ စိတ်ပျက်သွားမိသည်။
ဘေးနားမှ ဖြတ်သွားသော စားပွဲထိုးကို လက်ဖြင့်လှမ်းတို့လိုက်ရင်း "ဆိုင်မှာ ထိုင်စရာနေရာမရှိတော့ဘူးလား " ဆိုပြီးမေးလိုက်မိသည်။
"ဒီနေ့တော့ မရှိတော့ဘူးဧည့်သည်...တစ်မြို့လုံး စိတ်ဝင်စားနေတဲ့ ဇာမဏီနတ်စောင်း အကြောင်းကို ပြောပြမှာဆိုတော့ လူတွေကြိတ်ကြိတ်တိုးနေတာ မြင်တဲ့ အတိုင်းပဲ" ဆိုပြီးပြန်ဖြေလျှင် သူအရမ်းဒေါသထွက်သွားပြီး မနက်က ပြဿနာတတ်အောင်လုပ်ပြီး သူ့ကိုနောက်ကျစေသည့် ထိုသူ့ကိုသာ အပြစ်တင်မိသည်။ ထိုသူ့ကြောင့်သာ မဟုတ်လျှင် သူဆိုင်မှာ ထိုင်စရာနေရာရှိမှာ အသေအချာပါပဲ အခုတော့ ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး တွေးနေမိစဉ်
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜