Part-16

246 35 8
                                    

နတ်ဘုရားကတဲ့ကြိုး
Part-15

လရောင်က အိမ်ရှေ့စံအိမ်တော်ပေါ်သို့ ငွေ​မှုန်နုနုကလေးတွေကြဲထားသလို လှပစွာကျဆင်းနေသည်။ ဆောင်းရာသီကို ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် အပြင်မှာ အအေးဓာတ်ကလွန်ကဲနေသည်။ ညစာစားပြီးကတည်းက ကဗျာစာအုပ်တစ်အုပ်ကို သူစိတ်ဝင်တစားဖတ်ရှုနေမိသည်။

"ကြင်ယာတော် ရေချိုးဖို့ ပြင်ဆင်သင့်ပါပြီ"

အခန်းအတွင်းသို့ရှင်းအာ...နှင့်ချင်းအာ ညီမနှစ်ယောက်ရောက်လာပြီး သူ့ကို ပြင်ဆင်ဖို့ သတိလာပေးနေကြသည်။ သူဖတ်လက်စ စာအုပ်ကို ဘေးမှာချထားလိုက်ရင်း

"ငါမဖြစ်မနေ ဝမ်ယွီ့နဲ့ အိပ်ဆောင်ဝင်ရမှာလား"

သူပြောလည်းပြော မျက်ခုံးအစုံကိုလည်း အလိုမကျစွာ ကျုံ့ထားမိသည်။ ဝမ်ယွီ့၏ မိဖုရားဖြစ်လာပြီးကတည်းက ဝမ်ယွီ့က သူ့ကို သဘောမကျတာ သူသိနေပါသည်။ ဘာကြောင့်များဒီညမှာ သူ့ကို ညအိပ်ခစားဖို့ ရွေးချယ်ရပါသလဲ သူစဉ်းစားမရဖြစ်နေသည်။ မနက်က ကိစ္စကြောင့်လို့ထင်ရပေမဲ့ သူစိတ်ထဲမှာတွေးထင်နေမိတာက မနက်က ကိစ္စက အခုလို ညအိပ်ခစားရလောက်တဲ့အထိ မကြီးကျယ်ဘူးဟု အလိုလိုခံစားမိနေသည်။

တစ်နေ့ဒီလိုနေ့မျိုးရောက်လာမည်ဆိုတာ ကြိုတင်တွက်ဆမိပေမဲ့ ဒီလောက်ကြီးအထိ မြန်လိမ့်မယ်လို့ သူမတွေးမိခဲ့ပါ။ ထိုင်နေရာမှ ထလိုက်ရင်း ရေချိုးဆောင်ရှိရာသို့ လျှောက်လာခဲ့မိသည်။

ရေချိုးဆောင်အခန်းထဲတွင် အငွေ့ကလေးတွေ ငွေ့ငွေ့ကလေးပျံနေသော ရေနွေးထည့်ထားသော သစ်သားစည်ပိုင်းတစ်ခုကို တွေ့လိုက်ရသည်။ စည်ပိုင်းထဲက ရေကို လက်ဖြင့်စမ်းကြည့်လိုက်တော့ ရေကိုအနေတော်လေး နွေးနေအောင်စပ်ထားတာမို့ ဆောင်းတွင်းမှာ အအေးကြောက်သော သူ့အတွက် အဆင်ပြေလှသည်။ ချင်းအာက ရေစည်ပိုင်းထဲကို နှင်းဆီပွင့်ဖတ်တွေနှင့် အမွေးနံ့သာတွေ ထည့်ပေးနေပြီး ရှင်းအာကတော့ ရေချိုးသည့် အခါ အသုံးပြုရမည့် ပစ္စည်းတွေကို ပြင်ဆင်နေလေသည်။

သူအဝတ်အစားများကို ချွတ်လိုက်ရင်း ရေစည်ပိုင်းထဲသို့ ဆင်းလိုက်မိသည်။ ခပ်နွေးနွေးရေရဲ့ အထိအတွေ့က သူ့ကို မိန်းမောသွားစေသည်။ သူ့ရဲ့ အသားအရည်ကို ချောမွတ်နေအောင်ရှင်းအာနှင့်ချင်းအာတို့က ဘေးကနေ အမွှေးဆီများဖြင့် တစ်ဖက်တစ်ချက်ဆီ နှိပ်နယ်ပေးနေကြသည်။ ထုံးဖွဲ့ထားသော ဆံပင်ကို ဖြည်ချလိုက်တော့ သူ့ရဲ့ ဆံနွယ်ရှည်တို့က ကဗျာဆန်စွာ ကျဆင်းလာလေသည်။

နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳးWhere stories live. Discover now