Part-8

189 30 8
                                    

နတ်ဘုရားကတဲ့ကြိုး
Part-8

ထိုက်ယန်ပြည်နန်းတော်ထဲမှာ နန်းတွင်းအစေခံကလေးတွေ ဟိုမှသည် ပြေးလွှားလှုပ်ရှားနေကြသည်။ ထိုင်စရာခင်းသူကခင်း...စားစရာတွေ ခင်းကျင်းသူက ခင်ကျင်း အလုပ်ကိုယ်စီဖြင့် မအားမလပ်ဖြစ်နေကြသည်။

မအားလပ်ခြင်းနှင်အတူ သူတို့၏စိတ်ထဲမှာ သိလိုစိတ်များလည်းပြင်းပြနေကြသည်။ ဒီနေ့ကား ထိုက်ယန်ပြည်၏ အိမ်ရှေ့စံမိဖုရားရွေးချယ်မည့် နေပင်တည်း။ အိမ်ရှေ့စံမိဖုရားရွေးချယ်ပွဲကို နန်းရင်ပြင်မှာ ကျင်းပပြီး မြို့တော်မှာရှိတဲ့ အရာရှိ၊အရာခံ မူးမတ်တွေနှင့်အတူ သူတို့၏ မိသားစုဝင်ဇနီးများပါ တက်ရောက်သောကြောင့် နန်းတော်ထဲမှာ အထူးစည်ကားနေလေသည်။

နန်းရင်ပြင်နှင့်အပြိုင် အရွေးချယ်ခံ မိဖုရားများခေတ္တတည်းခိုရာနန်းဆောင်မှာလည်း "မမ ကျွန်မကို ကြည့်ပါဦး ဒီဝတ်စုံနဲ့လှရဲ့လား" "ဒီဆံထိုးထိုးရမလား ကျောက်စိမ်းဆံထိုးပဲထိုးရမလား" စသည့် အသံမျိုးစုံတို့ဖြင့်လှုပ်ရှားအသက်ဝင်နေသည်။

"ဒေါက်...ဒေါက်...ဒေါက်..."

အခန်းအပြင်မှ တံခါးခေါက်သံကြားလိုက်ရသောကြောင့် သူ "ဘယ်သူလဲ"ဟု အော်ကာ တံခါးဖွင့်ပေးဖို့ အိပ်ယာမှ ထလာခဲ့သည်။ တံခါးဖွင့်လိုက်တော့ တံခါးပေါက်ဝမှာ သူ့ကိုပြုံးပြီး ကြည့်နေသော ယွဲ့မမကို တွေ့လိုက်ရလေသည်။

"မမထင်တယ် ကျင်းလီ အခုထိ အိပ်ယာကနေ မထသေးဘူးဆိုတာ သိလို့ အခုလိုလာနှိုးရတာပဲ"

"အစောကြီးရှိသေးတယ်မဟုတ်လား ယွဲ့မမရယ်...ကျွန်တော်အခုမှ နိုးတာ..ဝါး..." ဆိုပြီးသူတစ်ချက်သန်းလိုက်ရင်း ပြောလျှင် ယွဲ့မမက သူ့ကို ပြုံး၍ကြည့်နေလေသည်။ သူနှင့်များ ကွာပ...ယွဲ့မမကတော့ အစောကြီးရှိသေးသည် ခေါင်းအစခြေအဆုံး ပြင်ဆင်ပြီးနေပြီဖြစ်သည်။ ဒီလိုဝီရိယရှိသူမှသာ အိမ်ရှေ့စံမိဖုရား ဖြစ်သင့်တာပေါ့ဟု သူတွေးမိရင်းပြုံးလိုက်မိလျှင်

"ဘာတွေ သဘောကျပြီးပြုံးနေတာလဲ ကျင်းလီ...မြန်မြန်လုပ်တော့ နောက်ကျတော့မယ်" ဟု ယွဲ့မမကပြောလည်းပြော သူ့ကိုရေချိုးသန့်စင်ရန် အခန်းအတွင်းသို့ တွန်းပို့လေသည်။

နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳးWhere stories live. Discover now