နတ်ဘုရားကတဲ့ကြိုး
Part-12ချန်စစ်သူကြီးတစ်ယောက် ညီလာခံကျင်းပရာခန်းမအတွင်းသို့ ဝင်လာတော့ အမတ်တွေစုရုံးစုရုံးနှင့် သူ့ကိုကြည့်ကာ တီးတိုးပြောဆိုနေကြသည်မို့ တစ်ခုခုတော့မှားနေပြီဆိုတာ သူ့စိတ်ထဲမှာ အလိုလို သိလိုက်ရသည်။ ဘာက ဘယ်လိုမှားနေမှန်းမသိပေမဲ့ မှားနေတဲ့ အရာတစ်ခုရှိနေမှန်းသတိထားမိကာ သူကိုယ့်သူ အဝတ်အစားဖိနပ်ကအစ အထက်အောက် ပြန်ကြည့်နေမိသည်။သူ့ကိုယ်ပေါ်မှာ ဘာများရယ်စရာပါလို့ ဒီအမတ်တွေက သူ့ကိုကြည့်ပြီး ပြုံးစိစိဖြစ်နေရတာလဲ...
သူ့ဘေးကို ယွဲ့အမတ်ကြီး အပြေးလွှားရောက်လာပြီး "ချန်အစ်ကို ဒီကိစ္စကြားပြီးပြီလား"ဆိုပြီး အဆုံးမရှိ အစမရှိမေးလာသည်မို့
"ဘာကိစ္စလဲ ယွဲ့ အမတ်ကြီးရဲ့" ဟု သူပြန်မေးမိသည်။
"ဟို ...ဟို..." ယွဲ့အမတ်ကြီးက သူ့ကို ပြောပြရန်အားနာနေသည်နှင့်တူသည်။
"ရပါတယ် ဘာကိစ္စပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ပြောပါ"ဆိုတော့
"ပြောရမှာ မျက်နှာပူပေမဲ့ ဒီကိစ္စကို ချန်အကိုလည်း သိထားသင့်တယ်ထင်လို့ ပြောပြတာပါ"
ယွဲ့အမတ်ပြောနေတာကို နားထောင်ရင်းသူရင်တွေပင်ပူလာသည်။ ဘာအရေးကြီးကိစ္စများ ဖြစ်နေလို့ပါလိမ့်ဆိုပြီးသူတွေးမိသည်။
"မနေ့ညက အိမ်ရှေ့စံနန်းဆောင်က ကိစ္စကို ကြားပြီးပြီလား ချန်အစ်ကို"
"မနေ့ညက အိမ်က ချန်အာနဲ့ အိမ်ရှေ့စံရဲ့ မင်္ဂလာဦးညပဲ မဟုတ်လား...ချန်အာ နန်းတွင်းမှာ ပြဿနာရှာပြန်ပြီလား ဒီကလေးနဲ့တော့"ဆိုပြီးပြောရင်း သူစိတ်ပူသွားမိသည်။
သူ့စကားကိုကြားလျှင် ယွဲ့အမတ်ကြီးက ခေါင်းကိုခါလိုက်ရင်း သူ့အနားကို ကပ်ကာ လေသံတိုးတိုးဖြင့် "ချန်အာပြဿနာရှာတာမဟုတ်ဘူး အိမ်ရှေ့စံက မနေ့ညက စိတ်တွေ အလွန်ကြွနေပြီး မထိန်းသိမ်းနိုင်လို့ ကုတင်တောင် ကျိုးသွားတယ်လို့ နန်းတော်ထဲမှာ သတင်းပျံ့နေတယ်"ဟုပြောလာသည်။
ယွဲ့ အမတ်ကြီး၏စကားကိုကြားလျှင်
"ဘာ.........."
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜