နတ်ဘုရားကတဲ့ကြိုး
Part-17ညကဘယ်လောက်ထိတောင်ပင်ပန်းသွားသလဲမသိပါ...ရှင်းအာတို့နှစ်ယောက်လာနှိုးတော့မှပဲ နိုးတော့သည်။တစ်ပါတ်တိတိဝမ်ယွီ့ကို နေ့ညမပြတ်ခစားရတာ လူလည်းအရိုးတွေကျိုးကြေကုန်ပြီလို့ခံစားရသည်။
ဝမ်ယွီကတော့ အိမ်ရာဘေးမှာမရှိတော့ပါ...ဘယ်အချိန်ကထပြီး ဘယ်ကိုသွားလဲမသိတာမို့ မေးလိုက်မိတော့ နန်းတော်ကို သွားသည်တဲ့...ကောင်းပါတယ် သူအိမ်တော်မှာမရှိမှ လွတ်လွတ်လပ်လပ်နေလို့ရမှာဖြစ်သည်မို့ ပြုံးလိုက်မိသည်။ ရှင်းအာတို့နှစ်ယောက် အကူအညီနဲ့ အမြန်ဆုံးပြင်ဆင်ပြီး ကိုယ်လုပ်တော်တွေ ဂါရဝပြုတာခံဖို့ ထွက်လာခဲ့သည်။
ခန်းမထဲရောက်တော့ ကောင်းမိန်ဟွားက သူ့ကိုမြင်တော့ မျက်စောင်းထိုးလေသည်။ ကောင်းမိန်ဟွားကိုမြင်တော့မှပဲ သူကောင်းမိန်ဟွားကို ပြစ်ဒဏ်ပေးတာ ခုနှစ်ရက်ပြည့်သွားပြီဆိုတာသတိရမိသည်။ သူထိုမျက်စောင်းကို မသိဟန်ဆောင်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်မိသည်။ ကိုယ်လုပ်တော်တွေသူ့ကို ဂါရဝပြုအပြီး
"ဒီနေ့ အထွေအထူးကိစ္စ ဘာများရှိသလဲ"
သူ့စကားကိုကြားလျှင် မင်ကိုယ်လုပ်တော်က မတ်တပ်ရပ်လိုက်ပြီး
"ကြင်ယာတော်ကို လျှောက်တင်ပါတယ် ကျွန်မ အိမ်တော်ရဲ့ အပြင်ကိုထွက်ခွင့်တောင်းချင်လို့ပါ...အိမ်မှာ အဖေနေမကောင်းဖြစ်နေတယ်ကြားလို့ သွားကြည့်ပါရစေ။အိမ်ရှေ့စံကို ခွင့်တောင်းပြီးပါပြီ ကြင်ယာတော်ဆီက ခွင့်ပြုချက်ထပ်တောင်းတာပါ "ဆိုပြီးပြောလေသည်။
သူခေါင်းတစ်ချက်ငြိမ့်လိုက်ရင်း "မိဘရဲ့ ကျန်းမာရေးပဲ သွားပါ...ချင်းအာ..."
"ရှိပါတယ်...ကြင်ယာတော်"
"မင်ကိုယ်လုပ်တော်အတွက် ဂိုထောင်ထဲကနေ ဂျင်ဆင်းနဲ့ဆေးတွေထည့်ပေးလိုက်ပါ"
သူ့စကားကိုကြားလျှင် မင်ကိုယ်လုပ်တော်က ဒူးထောက်လိုက်ပြီး
"လက်မခံပါရစေနဲ့ကြင်ယာတော်"
"ဘာဖြစ်လို့လဲ..."
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜