နတ်ဘုရားကတဲ့ကြိုး
Part-13ညရောက်တော့ ဝမ်ယွီနန်းတော်ထဲပြန်ရောက်လာပြီဆိုသည့်သတင်းကိုကြားလိုက်ရသည်။ ထိုသတင်းကိုကြားကြားခြင်း နေနှင့်ဦးတွေ့မယ်ဟု ကြိမ်းဝါးပြီး ချင်းအာတို့နှစ်ယောက်ကိုခေါ်ကာ အိမ်ရှေ့စံမင်းသားအဆောင်သို့ ထွက်လာခဲ့မိသည်။
"ကြင်ယာတော် ဖြည်းဖြည်းသွားပါ"ဆိုပြီး ချင်းအာတို့နှစ်ယောက် သူ့နောက်ကနေ အသည်းအသန်ပြေးလိုက်လာပေမဲ့ တစ်နေကုန်ပြဿနာရှင်းဖို့ အောင့်အီးထားရတာမို့ မြန်မြန်ဆန်ဆန် ဝမ်ယွီ့အဆောင်ဆီသို့ မပြေးယုံတမယ်ထွက်လာမိသည်။
လက်ထပ်ပြီးသား အကြင်လင်မယားဖြစ်ပြီဆိုပေမဲ့ နန်းတွင်းထုံးစံအရ အိမ်ရှေ့စံမင်းသားနှင့် ခွဲအိပ်ရမည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသား ဆန္ဒရှိမှ ညဘက်တွင်ခစားရမည်ဟု နန်းတွင်းအထိန်းတော်ကြီးတွေက နေ့လည်က ပြောသွားတာမို့ သူ့အနေနဲ့ ဝမ်ယွီပြန်ရောက်နေတာသိသိချင်း ဝမ်ယွီ့အဆောင်ကို ကူးလာခဲ့ခြင်းပင်ဖြစ်သည်။
အခန်းတံခါးကို ဖွင့်ကာဝင်လိုက်တော့ ဝမ်ယွီက အခန်းထဲမှာထိုင်ရင်း မီးရောင်အောက်မှာ သူ့ဓားကို အဝတ်စဖြူဖြင့် သုတ်နေလေသည်။ သူဝင်လာတာကိုတွေ့တော့ ဝမ်ယွီက ဖြတ်ခနဲ မော့ကြည့်လိုက်လေသည်။ ဝမ်ယွီဘာမှ မပြောသေးခင် သူ့သက်တော်စောင့်က
"ကြင်ယာတော်မိဖုရားအနေနဲ့ အိမ်ရှေ့စံမင်းသား အဆောင်တော်ကို အခုလိုမျိုး အကြောင်းမကြားပဲ ဝင်လာတာမျိုးက မသင့်တော်ပါဘူး"ဟုဆီး၍ပြောလျှင် သူဒေါသပိုထွက်သွားပြီး
"ငါ့ယောက်ျား ငါလာတွေ့တာ မင်းတို့ခွင့်ပြုချက်တွေယူနေရဦးမှာလား"ဆိုပြီး ပိတ်ဟောက်ပစ်တော့ ကိုယ်ရံတော့်မျက်နှာလေးက သေးသေးလေးပဲကျန်တော့သည်။ သူ့စကားကို ကြားလျှင် ဝမ်ယွီကပြုံးလိုက်ပြီး အဝတ်စဖြင့်သုတ်နေသောဓားကို ဘေးကို ချကာ
"မင်းကလည်း ဟုတ်သားပဲ ချန်ကျင်းလီက ယောက်ျားလေးပေမဲ့ ငါ့မိန်းမလေ ငါ့ကြင်ယာတော် ငါ့မိဖုရားလေ သူ့အနေနဲ့ ငါ့နန်းဆောင်ကို ညဘက်ကြီး တွေ့ချင်လို့ဝငိလာရတာ မင်းက ဒီလိုတားတော့ ငါ့မိဖုရားလေးရှက်သွားမှာပေါ့"ဆိုပြီး ခနဲ့လေသည်။
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜