နတ်ဘုရားကတဲ့ကြိုး
Part-18နန်းတော်မှ ပြန်ရောက်လာကတည်းက သူဘယ်ကိုမှ မသွားဖြစ်တော့ပဲ အခန်းထဲမှာပဲ နေမိသည်။ နေ့လည်က နန်းတော်မှာ မိဖုရားခေါင်ဆုံးမတဲ့ စကားတွေကိုပဲနားထဲမှာ ကြားယောင်နေမိသည်။ နောက်ပြီး သူ့အိမ်တော်ကကိစ္စက အဖေ့ကိုသွားပြီး ပြဿနာဖြစ်စေ၍ သူစိတ်မကောင်းဖြစ်ရသည်။ အဖေရော အဆင်ပြေရဲ့လားဟု စိတ်ပူနေမိသည်။
နောင်တစ်ချိန် ဝမ်ယွီက မင်းတစ်ပါးဖြစ်လာတဲ့အခါ သူ့အနေနဲ့ အနောက်နန်းဆောင်လို မောင်းမ၊ကိုယ်လုပ်တော် မိဖုရားတွေများတဲ့ နေရာမျိုးကို တကယ်ရော အုပ်ချုပ်နိုင်ပါ့မလား။ အခုလို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တောင်မှ ဖခင်ဖြစ်သူ ချန်စစ်သူကြီးကို ပြဿနာဖြစ်စေတာ နောင်တစ်ချိန်မှာ ဒီထက်မက ဆိုးတဲ့ ပြဿနာတွေကိုကြုံလာခဲ့ရရင်ရော ဘယ်လိုလုပ်မလဲဆိုသည့် အတွေးက သူ့ကိုနှိပ်စက်နေသည်။
"ကြင်ယာတော် အပြင်မှာ ယွဲ့ကိုယ်လုပ်တော်က တွေ့ခွင့်တောင်းနေပါတယ်"ဆိုပြီး ရှင်းအာလာပြောမှ သူအတွေးလွန်နေရာမှ သတိဝင်လာပြီး
"ယွဲ့မမကို ဝင်ခိုင်းလိုက်ပါ"ဟုပြောရင်း သူထိုင်နေရာမှ ထကာ ဧည့်ခန်းကို ထွက်လာခဲ့မိသည်။ ခဏကြာတော့ ယွဲ့မမ သူ့အဆောင်၏ ဧည့်ခန်းကို ဝင်လာလေသည်။
"ကျွန်တော်မျိုးမ ကြင်ယာတော်ကိုဂါရဝပြုပါတယ်"
ဧည့်ခန်း ရောက်ရောက်ခြင်း ဂါရဝပြုနေသော ယွဲ့မမကို
"မြန်မြန်ထပါ မမ ကျင်းလီတို့ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ ဒီအဆင့်တွေကို ကျော်သွားကြရအောင်လို့ ပြောထားတယ်လေ"
ယွဲ့မမကသူ့ကို ဂါရဝပြုနေရာမှ ထကာ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး
"ဘယ်ဖြစ်မလဲ ကြင်ယာတော်ရဲ့ ဒီအချိန်မှာ ကြင်ယာတော်က အိမ်ရှေ့စံရဲ့မိဖုရားလေ နောင်တစ်ချိန်မှာ ထိုက်ယန်ပြည်ရဲ့ အနာဂတ်မိဖုရားခေါင် တိုင်းပြည်ရဲ့ မိခင်ဖြစ်လာမှာလေ ဒါကြောင့် မမတို့အနေနဲ့ ဒီတစ်ချက်ကို မေ့ထားလို့ မရဘူး"
ယွဲ့မမ စကားကြောင့် သူစိတ်ထဲ တော်တော် မသက်မသာဖြစ်မိသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ သူသက်ပြင်းချတာကို မြင်လိုက်သော ယွဲ့မမက
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜