နတ်ဘုရားကတဲ့ကြိုး
Part-10
အိမ်ရှေ့စံမိဖုရား ရွေးပွဲပြီးကတည်းက ချန်အိမ်တော်မှာ တစ်လလုံးနီးပါး ဧည့်သည့် မပြတ်လပ်ပဲရှိနေသည်။ ထိုက်ယန်ပြည် စတင်ထူထောင်လာကတည်းက ရှားရှားပါးပါး အိမ်ရှေ့မိဖုရားအနေနဲ့ အခုမှ ချန်မျိုးနွယ်ကနေ စအရွေးခံရတာဖြစ်သည်။ အိမ်ရှေ့မိဖုရားအဖြစ် မိဖုရားခေါင်အဖြစ် ချန်မျိုးနွယ်ထဲမှ ပေါ်ထွက်လာဖို့ အားလုံး လိုလားတောင့်တခဲ့ကြပေမဲ့ ဒီအခွင့်အရေးကို မရခဲ့ကြပါ။အနောက်နန်းဆောင်မှာ မိဖုရားခေါင်ရှိသော မျိုးနွယ်မှသာလျှင် တိုင်းရေးပြည်ရေးကိစ္စတွေမှာ ဘုရင့်အရေးပေးခံရသည်မို့ ဒီကိစ္စက မျိုးနွယ်တွေအတွက် အင်မတန်မှ အရေးကြီးပါသည်။ အရင်က ချန်မျိုးနွယ်မှ သခင်မလေးတွေကို နန်းတော်သို့ ဆက်သကြပေမဲ့ ချန်မျိုးနွယ်မှာမွေးဖွားကြတဲ့ အမျိုးသမီးတွေက တစ်ခြားမျိုးနွယ်က အမျိုးသမီးတွေနှင့်ယှဉ်လျှင် ပန်းထိုး၊စောင်းတီး၊ပန်းချီဆွဲကိစ္စရပ်တွေမှာမထူးချွန်ကြပဲ သိုင်းပညာနှင့် စစ်ရေးမှာ ထူးချွန်ကြသောကြောင့် မင်းမြတ်နိုးမှုကို မရကြတာများပါသည်။
အခုတော့ သူတို့ ချန်မျိုးနွယ်က ပထမဆုံး အိမ်ရှေ့စံမင်းသား၏ ကြင်ယာတော်မိဖုရားတဲ့လား နောင်တစ်ချိန်မှာ သူတို့မျိုးနွယ်မှ မိဖုရားခေါင်တစ်ဦးပေါ်ထွက်လာတော့မှာဖြစ်သည်။ ဒါကြောင့် အခုလို ကြီးမားတဲ့ ကိစ္စကြုံလာရတာမို့ ချန်စစ်သူကြီး၏ အိမ်တော်မှာ လာရောက်ဂုဏ်ပြုနေကြခြင်းပင်ဖြစ်သည်။
" ကြင်ယာတော် ... အိမ်ရှေ့စံကြင်ယာတော် ခဏနေပါဦး ကျွန်တော်မျိုးမတို့ကို စောင့်ပါဦး" ဆိုပြီး အနောက်မှ ပြေးလိုက်လာသော ရှင်းအာနှင့်ချင်းအာ ညီမနှစ်ယောက်ကို သူစိတ်မရှည်စွာ လှည့်ကြည့်ကာ
"မြန်မြန်လာ နှစ်ယောက်လုံး ဒီမှာနောက်ကျနေပါပြီဆို"သူပြောလည်းပြော ပြေးလည်းပြေးသွားနေသည်။
ဒီနေ့က သူ့ဘဝ၏ အပြင်မှာနေရသော နောက်ဆုံးနေ့ရက်တွေပင်ဖြစ်လိမ့်မည်။ သေချာအောင် ပြောရမယ်ဆိုရင် ချန်စစ်သူကြီး၏သား ချန်ကျင်းလီဆိုသော ဘဝဖြင့် နေရသော နေ့ရက်ဆိုရင် ပိုမှန်ပါလိမ့်မည်။ မနက်ဖြန်ဆိုလျှင် အိမ်ရှေ့စံမင်းသားဝမ်ယွီနှင့် လက်ထပ်ရတော့မှာဖြစ်ပြီး နန်းတော်ထဲမှာ သူ့ဘဝက တစ်သက်လုံး အိမ်ရှေ့စံမိဖုရား အဖြစ်ကုန်ဆုံးသွားတော့မည်လား မပြောတတ်တော့ပါ။
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜