နတ်ဘုရားကတဲ့ကြိုး
Part-5 (Unicode)အပြင်ထွက်ခဲ့တဲ့ လမ်းအတိုင်း အုတ်နံရံကို ကျော်တက်ကာ အိမ်ထဲသို့ သူပြန်ဝင်ခဲ့သည်။ သူနေသည့် အဆောင်က ပင်မအဆောင်ကြီးဘေးမှာရှိသောကြောင့် အိမ်တော်၏ အလည်ခေါင်မှာ ဖြစ်သည်။ လမ်းတစ်လျှောက် ဘယ်သူမှ မတွေ့ရအောင် ပုန်းရှောင်ရင်း အခန်းထဲသို့ ပြေးဝင်ကာ အပြင်ဖက်က အရိပ် အခြေကို ကြည့်ရင်း အခန်းတံခါးကို သာသာလေး ပိတ်လိုက်မိသည်။
တော်သေးတယ် ငါအပြင်ထွက်တာ ဘယ်သူမှ သိသေးပုံမရသေးဘူးဟု တွေးကာ အိပ်ရာပေါ် ဟန်မပျက်အိပ်ချင်ယောင် ဆောင်နေရမယ်ဆိုပြီး တံခါးပိတ်ရင်း အနောက်ကို လှည့်လိုက်လျှင် သူ့အဆောင်၏ ဧည့်ခန်းမှာ ထိုင်နေသော ဖခင်ဖြစ်သူ ချန်စစ်သူကြီးကို တွေ့လိုက်ရလေသည်။ အဖေ့ဘေးမှာ ရပ်နေသော ချင်းအာနှင့် ရှင်းအာက မျက်နှာရိပ်မျက်နှာကဲ ပြကာ သတိပေးသည်မို့ သူအပြင်ခိုးထွက်တာ အဖေသိပြီးလောက်ပြီထင်၍ လန့်သွားမိသည်။
"အဖေ...သား...."
"ဒူးထောက်စမ်း ချန်ကျင်းလီ" ဆိုပြီး ဘာမှတောင် မပြောရသေးခင် ဒူးထောက်စမ်းဆို၍ ဒူးခောက်လိုက်ရသည်။ အဖေက ထိုင်နေရာမှ ထလာရင်း
"မွေးထားတာ သားလေးတစ်ယောက်ရှိပါတယ် သိုင်းပညာမှာလည်းမထူးချွန်...စစ်တပ်ကိုဦးစီးဖို့ကိုလည်းစိတ်မဝင်စား...ပညာရေးလည်း ပါရမီမပါ...ဒီအဖေက အသက်ကြီးနေပြီ အဲ့ဒါကို အခုထိ အသိတရားမရသေးဘူး...အပြင်ထွက်မယ် လည်မယ် စားမယ် သောက်မယ် ပျော်ပါးဖို့ ငွေဖြုန်းဖို့ပဲသိတယ်။ ဘယ်တော့မှ ရင့်ကျက်မှာလဲ..."
ထုံးစံတိုင်း အဖေ့၏ဆုံးမစကားတွေက သူအလွတ်ပင်ရနေလေပြီ။ သူဆုံးမခံရတာကို ရှင်းအား ချင်းအာ ညီမနှစ်ယောက်ကခိုးရယ်နေ၍ လှမ်းပြီး မျက်လုံးအကြည့်ဖြင့် မာန်မဲလိုက်ရသေးသည်။ သူတို့ကြောင့်မို့ အခုလို အဆူခံရတာ...အိမ်အပြင်ခိုးထွက်ခဲ့ရင်တောင်မှ အဖေ့ကို အသိမပေးရဘူး... အော်ကြီးဟစ်ကျယ်မလုပ်ရပါဘူးဆိုတာ အတန်တန်မှာထားရက်နဲ့ အဖေငါ့ကို ဆူပြီးရင် နင်တို့နဲ့ငါ တစ်ပွဲနွှဲရမယ် ဆိုပြီး သူတေးထားမိသည်။
YOU ARE READING
နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳး
Historical Fictionဖတ်ကြည့်ပါ ကြိုက်မယ်လို့မျှော်လငိ့ပါတယ် 💜