~သခင်ကြင်လျှင်ချစ်ခြင်းမည်~
ကျောင်းကို အိမ်ကကားအကြိုအပို့လုပ်နေတာကြောင့်
မောင် ပြန်လိုက်မပို့တာအတော်ကြာပြီဖြစ်သည်။ဒီနေ့လဲကျောင်းမှာပဲမောင့်ကိုနှုတ်ဆက်ခဲ့သည်။
"ကျနော်အိမ်မပြန်သေးဘူး ဒယ်ဒီ့ကုမ္မဏီကိုအရင်ဝင်အုံးမယ်"
"အေးအေးသခင်"
ဦးလေးထွန်းမိုးက ကုမ္မဏီကိုလိုက်ပို့ပေးသည်။
ခဏကြာရင်ဒယ်ဒီလဲရုံးဆင်းတော့မှာဖြစ်သည်။"ဟော သားအိမ်မပြန်ဘဲဒီကိုဘာလာလုပ်တာလဲ"
"ဘာမှမဟုတ်ပါဘူးဒယ်ဒီ
ဒယ်ဒီလဲခဏနေပြန်တော့မှာမဟုတ်လား အဲ့ဒါအတူတူပြန်ရအောင်လို့လေ""အေးအေး ဒယ်ဒီအလုပ်လေးလက်စသတ်ပြီးရင်ပြီးပြီ"
"ဟုတ်"
ဒယ်ဒီအလုပ်ပြီးသည်အထိသခင်ထိုင်စောင့်နေလိုက်သည်။
အိမ်ကိုအတူပြန်လာရင်းကားပေါ်မှာစကားပြောဖြစ်သည်။"ဒယ်ဒီ နောက်တစ်ပတ်ထဲ ဝေဖြိုး မွေးနေ့ရှိတယ်
သူ့မိဘတွေကဒယ်ဒီ့ကိုရောဖိတ်လိုက်တယ်
ဒယ်ဒီလိုက်မယ်မဟုတ်လား""အလုပ်အားရင်တော့ဒယ်ဒီလိုက်ဖြစ်မယ်
ဒယ်ဒီမလိုက်လဲသားသွားမှာပဲလေ အဆင်ပြေမှာပါ""မတူဘူးလေဒယ်ဒီရဲ့ ဝေဖြိုးမိဘတွေကဒယ်ဒီကိုသေချာမှာလိုက်တာ"
"အေးပါဒယ်ဒီအဲ့နေ့ကျလိုက်ခဲ့မယ်"
"ဟုတ်ဒယ်ဒီ …မနက်ဖြန် ကျနော် Shoppingသွားချင်လို့ ပွဲတက်စရာ အဝတ်စားဝယ်ချင်လို့ ကျနော့်အဝတ်စားတွေကဟောင်းနေပြီ"
"ကျောင်းပိတ်တာပဲသွားလေ သားမာမီစီကပိုက်ဆံယူသွားလိုက်"
"ဟာ ဒယ်ဒီကလဲ ဒယ်ဒီ့မိန်းမစီကမတောင်းချင်လို့
ဒယ်ဒီကိုပြောပါတယ်ဆိုဗျာ""သားရယ် တခါတလေ မြမင်းထင်ကို သားမာမီလိုဆက်ဆံကြည့်ပါလားသူကသားကိုသိပ်ချစ်ရှာတာ"
"ကျနော့်ကိုချစ်တာလားဒါမှမဟုတ် ကျနော်ရမဲ့အမွေတွေကိုချစ်တာလားမှမသိတာ တော်ပါပြီဒယ်ဒီပိုက်ဆံမပေးချင်ရင်နေပါ ကျနော်မတောင်းတော့ဘူး ဒယ်ဒီ့မိန်းမနဲ့တော့အဆင်ပြေအောင်နေဖို့မပြောပါနဲ့"
![](https://img.wattpad.com/cover/289865893-288-k395350.jpg)