Part 16(Unicode)

2.4K 98 5
                                    

~သခင်ကြင်လျှင်ချစ်ခြင်းမည်~

သခင်တို့ပြန်ခါနီး မောင့်ကိုရှာတော့ မမြင်တော့။
ဒယ်ဒီနဲ့ပြသနာဖြစ်သွားသလားဆိုပြီး သခင်ဂဏာမငြိမ်နိုင်။

"နိဒါန်းသစ်ကိုရှာမနေနဲ့သခင် သူပြန်သွားပြီ"

"မင်းဘယ်လိုသိတာလဲ"

"အန်ကယ်နဲ့စကားပြောပြီး ပြန်သွားတာ ကိုယ်မြင်လိုက်တယ်"

"ငါ့အဖေကို မင်းဘာလျှောက်ပြောထားခဲ့တာလဲ
နိဒါန်းတစ်ခုခုဖြစ်ရင် မင်းငါ့လက်နဲ့သေပြီပဲ"

"စိတ်လျှော့ပါသခင်ရယ် ကိုယ်ဘာမှမပြောပါဘူး
မင်းတို့နှစ်ယောက်တွဲနေတယ်ဆိုတာလေးတော့ ပြောထားမိတယ် ရှော့ခ်မရှိဘူးမဟုတ်လား"

"မင်း……"

အာကာယံဟိန်း အကျီ ၤကိုစောင့်ဆွဲကာ ထိုးဖို့ရွယ်လိုက်ပြီးမှ ဝေဖြိုးမျက်နှာကြောင့် လွှတ်ပေးလိုက်ရသည်။

"ဒီနေရာမှာသာမဟုတ်ရင် မင်းကိုငါသတ်တယ်အာကာယံဟိန်း"

ဒယ်ဒီတို့ကလဲ ဝေဖြိုးမိဘတွေကိုနှုတ်ဆက်နေတာမို့
သခင်စောင့်မနေဘဲ ကားစီသာလာခဲ့သည်။

အတော်လေးကြာမှာဒယ်ဒီနဲ့ဒေါ်မြမင်းထင်ရောက်လာသည်။
စကားပြောချင်စိတ်လဲမရှိတာမို့ သခင်မျက်လုံးတွေမှိတ်ထားလိုက်သည်။
ဒယ်ဒီကစကားပြောဟန်ပြင်ပြီးမှ သခင်စိတ်မပါတာကိုတွေ့ကာ မပြောတော့။

အခြေအနေကဖန်တီးသလိုဖြစ်မလာတာကြောင့်ဒေါ်မြမင်းထင်ဂဏာမငြိမ်ဖြစ်နေသည်။
လင်ပါသားကိုကြံစည်ခါမှ အာကာယံဟိန်းကအနားကမခွာဖြစ်နေသည်။
သူစီးတဲ့ကားကိုအန္တရာယ်ပြုဖို့ကြပြန်တော့လဲမိမိတို့ကကားတစ်စီးထဲအတူလာတာဖြစ်နေသည်။
အိမ်ကိုဟန်မပျက်ပြန်လာခဲ့ရပေမဲ့ စိတ်ထဲတော့ လုံးဝမကျေနပ်နိုင်။

"အကိုကြီး အရင်ဝင်နှင့်ပါ ထင်ခြံထဲခဏလမ်းလျှောက်လိုက်အုံးမယ်"

"ကောင်းပြီလေ ထင် ပြီးမှဝင်လာခဲ့"

"ဟုတ်ကဲ့"

"သားလဲနားတော့"

"ဟုတ်ကဲ့ဒယ်ဒီ"

သားအဖနှစ်ယောက်အိမ်ထဲဝင်သွားကြတော့မှ
ဒေါ်မြမင်းထင်ခြံထဲလမ်းလျှောက်ရင်းမောင်ဖြစ်သူကိုဖုန်းခေါ်လိုက်သည်။

သခင်ကြင်လျှင်ချစ်ခြင်းမည် (Completed)حيث تعيش القصص. اكتشف الآن