ချွမ်...ချွမ်..ရှီး...
နေပူပူအောက် ဖုန်များတထောင်းထောင်းထနေ၏။ကျန်းမာဖွံဖြိုးလှသော အမျိူးသားတစ်ဦး၏လက်ထဲတွင်လည်း လက်ဆွဲတော်လှံရှည်တစ်ချောင်းအားကိုင်ထားသေးသည်။သံထည်ကောင်းကောင်းဖြင့်လုပ်ထားသော မြားထိပ်မှာလည်း ပြောင်လက်တောက်ပနေ၏။လှံရိုးနှင့်မြားခေါင်းအား ဆက်ထားသောနေရာတွင် တပ်ထားသော ငှက်မွှေးနီနီရဲ ဝါဝါစိမ်းလေးများမှာလည်း လွန်စွာလှပနေသည်။နဖူးမှစီးကျလာသော ချွေးများအားသုတ်ရန်အချိန်ပင်မရှိ။စောထီးတစ်ယောက် မိမိလှံကာ ဝေ့ကာယမ်းကာလှံစွမ်းပြလိုက် တစ်ဖက်တွင် မိမိအားချိန်ရွယ်ကာလာနေသော ဓားပြားအားရှောင်ရင်းပြန်တိုက်ခိုက်လိုက်ပင်။သျှောင်ထုံးမှာလည်းပြေလျော့လျော့နီးပါးဖြစ်လာလေပြီ။စောထီးတစ်ယောက် လှံနှင့်အဆက်မပြတ်မိမိထံလာနေသော ဓားပြားအားလည်းဂရုစိုက်နေရသေးသည်။ဓားပြားတစ်ချက်အလွှဲတွင် စောထီးမိမိဦးခေါင်းအားရှောင်လိုက်သော သျှောင်ထုံးထုံးထားသောနေရာ ဓားပြားထိကာ စောထီး၏ဆံပင်များပခုံးပေါ်သို့ဖျာကျကုန်သည်။
ဓားပြားနှင့်လှံမြားထိပ်ချင်းရိုက်သံများ တချွင်ချွင် တချွမ်ချွမ်ပင်။
"ဦးရီးတော် တူတော်စောထီး ဦးရီးတော်ကိုမထိခိုက်စေချင်ပါဘူး"
"စောထီး ယောကျာ်းပီပီ ငါ့ကိုသာနိုင်အောင်စီးချင်းထိုးစမ်းပါ မလိုလားတဲ့စကားတွေမပြောစမ်းနဲ့"
စောထီး.....စောထီး၏ဖခည်းတော်ပုဂံပြည့်ရှင်မင်းကြီးနတ်ရွာစံသော် သားတော်စောထီးအား ရှင်ဘုရင်မင်းလုပ်ဟု မိန့်ခဲ့သော်လည်း စောထီး၏ဦးရီးတော်ဒီပသည် မိမိအားစီးချင်းထိုး နိုင်မှသာ ပုဂံပြည်ကြီး၏ ရှင်ဘုရင်မင်းလုပ်ဟုဆိုကာ စောထီးအားစီးချင်းထိုးရန်စိန်ခေါ်ခဲ့သည်။
စောထီးသည်ငယ်စဥ်ကပင် မင်းညီမင်းသားများတတ်သင့်တတ်အပ်သော ကိုယ်ခံပညာ ဓားရေး လှံရေး အရာမချန်ကျွမ်းကျင်သည့်အပြင် လက်ရုံးရည်နှလုံးရည်နှင့်ပြည့်စုံသော မင်းသားတစ်ပါးဖြစ်သည့်အတွက် နန်းတော်တွင်သာမက တိုင်းပြည်တွင် မင်းသားစောထီးအားလွန်နှစ်ကြသည်။
YOU ARE READING
သစ္စာစကား ချစ်သူကြားစေ (Season 1 completed)
Historical Fictionဤဇာတ်လမ်းတွင်ပါဝင်သော အမည်နာမများသည် ကျွန်တော်၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး ရှေးဘုရင်များနှင့်သက်ဆိုင်သောဂုဏ်သတင်းများအမည်နာမများအားထိပါးလိုခြင်း ရာဇဝင်အားမထီမဲ့မြင်ပြုလုပ်ခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ ကျမ်းကိုး ဝင်းမောင်၊ရေနံ့သာ(လျှပ်တစ်ပြက်မဟာပုဂံ) မတင်...